Internet for Myanmar : Powered by KK

မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ကာလ အထူးအစီအစဉ်

bonus 



ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းတယ်လီဖုန်း သုံးစွဲသူ မိဘပြည်သူများ အတွက် မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော် ကာလ အထူးအစီအစဉ်အဖြစ် သင်္ကြန်ရုံးပိတ်ရက် များတွင် အပိုငွေ ထပ်ဆောင်း ဖြည့်စွက်ပေးရန် အစီအစဉ် ပြုလုပ်ထားပါကြောင်း အသိပေး တင်ပြ အပ်ပါသည်။
 
မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ကာလ အထူးအစီအစဉ်

၁။      မဟာသင်္ကြန် ရုံးပိတ်ရက်ကာလ  (၁၂.၄.၂၀၁၄) နေ့မှ  (၂၁.၄.၂၀၁၄)  နေ့ အတွင်း ကြိုတင် ငွေဖြည့်သော  (GSM / WCDMA / CDMA ) မိုဘိုင်းတယ်လီဖုန်းများ အတွက် ငွေဖြည့်ကတ် တန်ဖိုး၏ (၂၀%)  ကို လက်ဆောင် (Bonus)  အဖြစ် ထပ်ဆောင်းဖြည့်ပေး မည် ဖြစ်ပါသည်။
၂။      မိုဘိုင်းဖုန်း သုံးစွဲသူအတွက် ရရှိသော (Bonus)  ငွေပမာဏ ကို  Bonus Account တစ်ခု ထပ်မံ ဖွင့်လှစ်ထိန်းသိမ်း ပေးသွားမည် ဖြစ်ပြီး အဆိုပါ Account ရှိ ငွေများကို နောက်ဆုံး ငွေဖြည့်သည့် ရက်မှစ၍ နောက်ထပ် (၁၀)ရက် အတွင်း ပြည်တွင်း Call ခေါ်ဆိုမှု များအတွက် သုံးစွဲနိုင်မည် ဖြစ်ပါသည်။
၃။      ထို့ကြောင့် နောက်အကျဆုံး  (၂၁.၄.၂၀၁၄) ရက်နေ့တွင်  ငွေဖြည့်သော မိုဘိုင်းဖုန်းများ၏ Bonus Account ရှိ Balance ငွေကို (၃၀.၄.၂၀၁၄) ရက်နေ့ (၂၄:၀၀) နာရီအထိ သုံးစွဲ နိုင်မည်ဖြစ်ပြီး ကျန်ရှိသော Bonus Account Balance ငွေလက်ကျန် များသည် (၁.၅.၂၀၁၄) ရက်နေ့ တွင်ပိတ်သိမ်း သွားမည် ဖြစ်ပါသည်။




မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း







Member ၀င်ရန်