တနင်္ဂနွေသားသမီး ။ ။ အိုး အိမ် အုပ်ချုပ်ရေး အိမ်ပေါင် အိမ်ငှား လုပ်ငန်းများ အဆင်ပြေ မလိုနှင့် အကြပ်အတည်းတွေ့ မည်မိတ်ဆွေ၏ကူညီမှုကြောင့် ပြသနာ တစ်ချို့ တစ်ဝက် ပြေလည်မည်မင်း စိုးရာဇာ၏ စိတ်ငြိုငြင်မှုခံ ရတတ်သည်။ ငွေ ၀င်သလောက်ပြန် ထွက်နေမည် ။ ငယ် ရွယ်သူများ မိမိချစ်သူ၏ မတင်မ ကျစကားကြောင့် စိတ်အနှောက် အယှက်ဖြစ်နေမည် ။ ငွေအကုန် အကျများ သောခရီးမျိုးသွားရ တတ်သည် ။ ဖခင်နှင့် စကားများရမည် .ဖခင်နှင့်ခွဲခွါနေရ တတ်သည် ။ ဦးခေါင်းတွင် မတော်တဆ ထိခိုက်ဒဏ်ရာ ရတတ်သည်။ သတိထားပါ ။
ယတြာ ။။ ။။ တာအိုးတစ်လုံး အတွင်းသို့  အုန်းသီး (၆)စိပ် အုန်းရည် အုန်း (၆) ညွန့် ထည့်ပြီး ရေစီးသော ချောင်းအတွင်းသို့  မျှောပေးပါ ။
တနင်္လာသားသမီး ။ ။ ကျောက် ကား ခြံ ငွေကြေး ငွေချေး လုပ်ငန်းများ ခရီးသွားလုပ်ငန်းများ အထူး အကျိုးပေးသည့် လဖြစ်သည် ။ ကြွေး ဟောင်းများပြန်ရခြင်း ငွေကြေးကူညီမည့်သူ များပေါ်ပေါက်ခြင်း အကျိုးတူပူးပေါင်း လုပ်ကိုင်ခြင်းဖြင့် အောင်မြင်မှုများ ရရှိမည် ။ ငယ်ရွယ်သူများ အချစ်ရေးကံကောင်းမည့် လဖြစ်သည် ။ ချစ်သူနှင့် ပျော်ရွှင်သော ခရီးတစ်ခုသွားရလိမ့်မည် ။ မမျှော်လင့်ပဲ ငွေဝင်လာပါက ၄ ၂ ၃ ၁ ဂဏန်းများဖြင့် ထီကံစမ်းပါ ။ ယခုလအတွင်း ငွေမချေးပါနှင့် ငွေကြေးအကူအညီတောင်းခံသူရှိပါက တတ်စွမ်းနိုင်သလောက်လှုလိုက်ပါ ။ ပါးပြင်ယောင်ယမ်းခြင်း မျက်စိနာခြင်းများ ဖြစ် တတ်ပါသည် ။
ယတြာ ။ ။ မွေးနေ့ တွင် ကျောက်ကျော ကျိုပြီး ကလေးများကို ဒါနပြုပေးပါ ။
အင်္ဂါသားသမီး ။ ။ စပ်တူလုပ်ငန်းများအကျိုးပေးမည် ။ ဆန် ဆီ ဆေး စက် ပစ္စည်းများ အမြတ်များများ ရမည် ။ လုပ်ငန်းတိုးချဲ့ နိုင်ပါသည် ။စိတ်ထားချင်းတူသော မိတ်ဆွေကောင်းနှင့် ဆုံ တွေ့ ရမည် ။ မလိုအပ်ပဲ ခရီးသွားခြင်းကိုရှောင်ပါ ။ မဖြစ်မနေခရီးသွားရမည်ဆိုလျှင် နို့ ဆီခွက်ထဲ သဲ (၂၁ ) ဇွန်းထည့်ပြီး ရေကန် ချောင်း မြောင်း အတွင်း ကိုယ်တိုင် သွားရောက်စွန့် ပြစ်ပြီးမှခရီးသွားပါ ။ ယခုလအတွင်းငွေဝင်များမည် ။သို့ သော် မိခင် ဖက်မှ ဆွေမျိုးများနှင့်ပတ်သက်ပြီး စိတ်ညစ်စရာတွေ့ ရမည် ။ ငယ်ရွယ်သူများ အချစ် ရေးကံကောင်းနေမည် ။ မွေးနေ့ တွင် မိမိချစ်သူကို ဆွဲကြိုးသေးသေးလေးလက်ဆောင် စိတ်ချမ်းသာမှု ရယူလိုက်ပါ ။ ယတြာ ။။ ။။ မွေးနံဘုရားထောင့်တွင် စံပါယ်ပန်း ( ၈ ) ကုံး စက္ကူယပ် ( ၈ ) ချောင်းလှုဒါန်းလေးပါ ။
ဗုဒ္မဟူးသားသမီး ။ ။ မိမိလုပ်ကိုင်နေသောလုပ်ငန်းများ ပုံမှန်အတိုင်းလည်ပတ်နေမည် ။အိုး အိမ် ရွှေ မြေ ခြံ လုပ်ငန်းများ စွန့် စွန့် စားစား မလုပ်သင့်ပါ ။ ငွေကျန်ခြင်း ငွေချန်ခြင်း ကြွေးကျ ခြင်း များ ကြုံတွေ့ ရမည် ။ ခရီးသွားလျှင် ငွေဝင်မည် ။ ခရီးသွားလုပ်ငန်းများ ဟိုတယ် လုပ်ငန်းများ အကျိုးပေးမည် ။ စေတနာနှင့် ဖြေရှင်းပေးသော်လည်း တစ်ဖက်သား၏ နားလည်မှုလွဲမှား ခြင်းကြောင့် စကားများရခြင်း စွပ်စွဲခံရခြင်းများ ဖြစ်တတ်သည် ။ ငယ်ရွယ်သူများ အနိုင် ကျင့် ဂျီကျ တတ်သောချစ်သူမျိုးနှင့် ဖူးစာဆုံမည် ။ ချစ်သူရှိခဲ့လျှင် အနိုင်ကျင့် ဂျီကျ ခံရမည် ။
ယတြာ ။ ။ မွေးနေ့ တွင် နီးစပ်ရာဘုရားသို့ သွားပြီး ရွှေဆိုင်း ( ၄ )ဆိုင်း လှုပေးပါ ။
ကြာသပတေးသားသမီး ။ ။ ပညာရေး ပညာပေးလုပ်ငန်း အကျိုးပေးမည် ။ မိမိကျွမ်းကျင်ရာ ၀ါသနာပါရာ အတတ်ပညာ နှင့် စီးပွားရေးလုပ်ပါ ။အောင်မြင်မှုရမည် ။စပ်တူလုပ်ငန်းများ ထင်သ လောက်အကျိုးမပြုပါ ။ အထင်မြင်လွဲမှားမှုကြောင့် စိတ်ဝမ်းကွဲခြင်း လုပ်ငန်းများ ခွဲ ဝေခြင်းမျိုး ကြုံတွေ့ ရမည် ။ ရွှေ အပေါင်ခံခြင်း စက်ပစ္စည်းအပေါင် ခံခြင်း လုံးဝမလုပ် ပါနှင့် ။ စိတ်ညစ်ရမည် ။ မိဘနှင့် ပတ်သက်ပြီး ငွေကုန်ကျမှုရှိမည် ။ ငယ်ရွယ်သူများ မိမိအပေါ် နားလည်သော စိတ်ထားကောင်းသော ချစ်သူမျိုးနှင့်ဖူးစာဆုံမည် ။ယခု လအတွင်း မမျှော်လင့်ပဲ စိတ်ထိခိုက်စရာကြုံတွေ့ ရနိုင်သည် ။
ယတြာ ။ ။ မိဘ အဖိုး အဖွား များကို ပျားရည် (သို့ ) စတုမဓု လှုပေးပါ ။
သောကြာသားသမီး ။ ။ သံ သဲ သွပ် ဟိုတယ် ခရီးသွား လုပ်ငန်းများ အထူးအဆင်ပြေသည့် လဖြစ်သည် မိဘဆွေမျိးများ (သို့ ) မိတိဆွေသူငယ်ချင်းများနှင့် ပျော်ရွှင်သောခရိးမျိုးသွားရလိမ့်မည်။ ငွေကုန်ကျမှုရှိသော်လည်းစိတ်ချမ်းသာမည် ။ မိခင်ဖက်မှ မမျှော်လင့်ပဲ အမွေရခြင်း လက်ဝတ်ရတနာများ လက်ဆောင်ရတတ်သည် ။ ငွေကြေးနှင့်ပတ်သက်ပြီး စိတ်ချမ်း သာမှုရရှိမည် ။ ကြွေးဟောင်းများပြန်ရခြင်း ငွေကြေးကူညီမည့်မိတ်ဆွေများနှင့် ဆုံတွေ့  မည် ။ ငယ်ရွယ်သူများ ချစ်သူ၏ အလိုလိုက်ခံရမည် ။ ချစ်သူမရှိသေးသူများ မိမိအပေါ် သိတတ်သော အလိုလိုက်သောချစ်သူ မျိုးနှင့်ဖူးစာဆုံမည် ။
ယတြာ ။ ။ မိမိမွေးနေ့ တွင် သင်္ဘောသီးတစ်လုံးကို ခွဲခြမ်းစိပ်ဖြာပြီး သံပုဂံပြားတွင်ထည့်ကာ ကလေး များအား ဝေပေးလိုက်ပါ ။။
စနေသားသမီး ။ ။ ထီ ထီး နာရီ ဘိနပ် လုပ်ငန်းများ အဆင်ပြေမည် အကျိုးပေးမည် ။ အစိုးရ၀န်ထမ်း များ ရာထူးတက်ခြင်း လစာတိုးခြင်း ဆုငွေချီးမြှင့်ခံရခြင်း အကျိုးကျေးဇူးများ ခံစား ရမည် ။ အိမ်ထောင်ရှင်များ ဇနီးမယားနှင့် စကားများရလိမ့်မည် ။ ဖခင်အတွက်စိတ် သောက ရောက်ရတတ်သည် ။ မမျှော်လင့်ပဲ ခရီးဝေးသွားရတတ်သည် ။ ရွှေအထား မှားပြီး ပျောက်တတ်သည် ။ငွေဝင်မလိုနှင့်ထွက်ခြင်း ထွက်မလိုနှင့်ဝင်ခြင်း များ ဖြစ် လိမ့်မည် ။ ငယ်ရွယ်သူများ ချစ်သူ၏ အထင်လွဲခြင်းခံရတတ်သည် ။ ကြားလူ၏သွေး ထိုပေးမှုကြောင့် မိမိချစ်သူနှင့် အဆင်မပြေဖြစ်လိမ့်မည် ။ မျက်နှာများသော ချစ်သူ နှင့် ဖူးစာဆုံမည် ။။
ယတြာ ။ ။ အိမ်ကဘုရားတွင် ထီးအနီရောင်တစ်လက် နှင့် နွားနို့ ကပ်လှုပေးပါ ။
ကိုမောင်မောင် (ဆန်းသုတေသီ)
No comments:
Post a Comment