iphone/ipad/ipod touch ကိုင်ဆောင်သူများအတွက်
ဂိမ်းအလန်းလေး ငပိန်သင်္ကြန်ကိုတင်ပေးလိုက်ပါတယ်။ဒီဂိမ်းလေးက
အခုကျရောက်လာတော့မယ့် မြန်မာရိုးရာသင်္ကြန်အမှီထုတ်ပေးတဲ့
သင်္ကြန်အငွေ့အသက်တွေကိုတ၀ကြီးရှုစားနိုင်မယ့် သင်္ကြန်ဂိမ်းလေးဆိုရင်လည်း
မမှားပါဘူး။ဂိမ်းလေးကတော့ သင်္ကြန်မှာ ရေဆော့ရင်း ရေကုန်သွားလို့ ငိုနေတဲ့
ကလေးတွေဆော့တဲ့ မဏ္ဌပ်လေးတစ်ခုကို ငပိန်က ဆိုက်ကားနဲ့ ရေသယ်ပေးတဲ့
ဇာတ်လမ်းလေးဖြစ်ပါတယ်။ သင်္ကြန်အနှစ်သာရလေးတွေ ပါအောင်ကြိုးစားထားတဲ့
ဂိမ်းလေးပါ။ဒီဂိမ်းလေးကို ရေးဆွဲထားတာကတော့ Total Game Play Studio
ကဖြစ်ပါတယ်။