Internet for Myanmar : Powered by KK

Play Store ထဲက Apk တွေကို Pc ကနေဒေါင်းယူနည်း

သူငယ်ချင်းတယောက် မေးတာကိုဖြေပေးရင်း မသိသေးသူများအတွက် ဝေမျှလိုက်ပါတယ်....
Play store ထဲက Apk တွေကို ကွန်ပြူတာကနေဒေါင်းချင်သူများအတွက်ပါ.. ပထမဆုံး Play store 
ကိုသွားပါမယ်.. ဒီလင့်ပါ  https://play.google.com/store ဒါဆိုအောက်ပါပုံအတိုင်းတွေ့ပါမယ်...
ဒါဆိုရင် မိမိရှာလိုသော Apk ကို အပေါ်က search ဘောက်မှာရိုက်ရှာပေါ့နော်....အောက်ကပုံလိုပေါ့...

မိမိအလိုရှိသော Apk ဖိုင်တွေ့ပြီဆိုရင် အဲ့အပေါ်မှာ ကလစ်လိုက်ပါ..ဒါဆို အဲ apk ရဲ့ လင့်ဆီရောက်သွားပါပြီ..ဒါဆိုရင် ပုံမှာပြထားတဲ့ အတိုင်း လင့်ကို copyကူးပါမ ယ် ..အကုန်လုံးမဟုတ်ဘူးနော်..   အောက်ကပုံမှာ သေချာကြည့်ပါ .. ကျတော် Select ပေးထားသလောက်ပဲ
ကူးရမှာပါ.. id= ဆိုတဲ့နောက်ကစပြီး com.phyochan.mmaiofontchanger ဆိုတာလောက်ပဲကူးပါတယ်..

ပြီးရင် ဒီလင့်ကိုသွားပါ... http://apps.evozi.com/apk-downloader/ အောက်ကပုံလေးအတိုင်း 
ခုနက ကူးလာတဲ့  com.phyochan.mmaiofontchanger ဆိုတာကို past လုပ်ပေးပြီး နံပါတ် 2 
မြှားပြထားတဲ့ နေရာမှာ နှိပ်ရင် ဒေါင်းလို့ရပါပြီခင်ဗျာ...အဆင်ပြေကြပါစေ....

Member ၀င်ရန်