အခုလို နည်းပညာခေတ်ကြီးမှာ ဒရုန်းတွေဟာ စစ်ဘက်သုံးသက်သက်မဟုတ်တော့ပါဘူး။ ငါးဖမ်းသမားတွေ အတွက် ဘီယာတွေကို ဒရုန်းနဲ့ ပို့ ဆောင်ကြသလို သာမာန်အရပ်သားတွေကလည်း ဒရုန်းတွေကို ဓာတ်ပုံ ရိုက်ကူးရာမှာ အသုံးပြုလာကြတာကို မြင်တွေ့ ရမှာပါ။
အခုနောက်ဆုံးထွက်ပေါ်လာတဲ့ ‘Snoopy’ ဒရုန်းကတော့ ခင်ဗျားရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကိုပါ ၀င်ရောက်ခြိမ်းခြောက်နေပါပြီ။
လန်ဒန်အခြေစိုက် Sensepiont လုံခြုံရေးကုမ္ပဏီ က ဒီ ကိရိယာဟာ ၀ိုင်ဖိုင် တစ်ခုကို ချိတ်ဆက်ဖို့ ကြိုးစား နေတဲ့ အနီးနားက ဖုန်းတွေကို ရှာဖွေဟက်ခ်လုပ်ဖို့ ဖန်တီးထားတာဖြစ်ပါတယ်။ ဖုန်းတွေဟာ အရင်တစ်ခါက ချိတ်ဆက်အသုံးပြုခဲ့တဲ့ နက်ဝေါ့ခ်တွေကို အလိုအလျောက်မှတ်သားထားကြတဲ့အတွက် ဒီ Snoopy ကိရိယာ က သူ့ ရဲ့ network ကို ခင်ဗျားတို့ အရင်သုံးဖူးခဲ့တဲ့ နက်ဝေါ့ခ် လို့ အထင်မှားစေပြီး ဖုန်းတွေထဲကို ၀င်ရောက် မွှေနှောက်မယ့်ကောင်ပါ။
တကယ်လို့ ခင်ဗျားရဲ့ဖုန်းက သူ့ ကိုချိတ်ဆက်မိသွားပြီဆိုတာနဲ့ Snoopy ဟာ ဖုန်းတွေထဲက လှို့ ဝှက် ကုဒ်နံပါတ်တွေ ကနေ တည်နေရာအချက်အလက်တွေအထိ ၊ သတင်းအချက်အလက် အမျိုးအစားအားလုံးကို ရယူနိုင်ပါပြီ။
လန်ဒန်မြို့ မှာ ပြုလုပ်ခဲ့တဲ့ အစမ်းပျံသန်းမှုဟာ Snoopy ဒရုန်းဟာ မိုဘိုင်းကိရိယာ ၁၅၀ ခန့် ဆီကနေ နက်ဝေါ့ခ် နာမည်တွေနဲ့ ဂျီပီအက်စ် ကိုသြဒိနိတ်တွေကို ရယူနိုင်ခဲ့ပါတယ်။
Sensepoint ကုမ္ပဏီဟာ ဒီကိရိယာကို ဒီအပါတ်အတွင်း စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် Black Hat Asia ဆိုင်ဘာလုံခြုံရေးဆိုင်ရာ ညီလာခံမှာ တင်သွင်း မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဖုန်းအသုံးပြုသူတွေဟာ မလိုအပ်တဲ့အချိန်တွေမှာ wifi ကို ပိတ်ထားဖို့ နဲ့ နက်ဝေါ့ခ်တွေကို မချိတ်ဆက်ခင် ဖုန်းရဲ့ ကြိုတင်သတိပေးချက်တွေကို စောင့်ကြည့်ဖို့  Sensepoint ကုမ္ပဏီက မိုဘိုင်းအသုံးပြုသူတွေကို အကြံပေးခဲ့ပါတယ်။
Thihahtike
Ref: Mirror.co.uk
Ref:Trend Myanmar
No comments:
Post a Comment