၂၀၁၄ ခုနှစ် မတ်လတုန်းက အသစ်ထွက်ရှိလာတဲ့ Screen ၅ လက်မနဲ့ HTC One (M8) ကို Root လုပ်ရတာ အရင် HTC ဖုန်းတွေလောက်မလွယ်တဲ့အတွက် Android Exploit Hacker တွေအတော်ခေါင်းခဲခဲ့ရပါတယ်။ ဒါပေမယ့် HTC ဖုန်း hacker တစ်ဦးက HTC One (M8) ကိုအလွယ်တကူ root လုပ်နိုင်စေမယ့် Exploit ကိုရှာဖွေတွေ့ရှိခဲ့ပြီး WeakSauce ဆိုတဲ့ app ကိုထုတ်လုပ်လိုက်ပါတော့တယ်။ ဒီ WeakSauce ဆိုတဲ့ app ကိုအသုံးပြုပြီး HTC ဖုန်းကို အလွယ်တကူ root လုပ်နိုင်မှာပါ။ Bootloader လည်း unlock လုပ်ထားစရာမလိုပါဘူး။ လုပ်နည်းကိုတော့ အောက်မှာဆက်လက်ဖတ်ရှုပါ။
အရင်ဆုံးလိုအပ်တဲ့ဖိုင်ဖြစ်တဲ့ WeakSauce for Android ကိုရယူပါ။
WeakSauce for Android အားရယူရန်
download ရယူပြီးလျှင်ဖုန်းမှာသွင်းလိုက်ပါ။ ပြီးလျှင် WeakSauce application ထဲကိုဝင်ပါ။ အောက်ပုံအတိုင်းပေါ်လာရင် Agree ကိုနှိပ်ပါ။
Super SU for Android အားရယူရန်
ပြီးရင် Super SU for Android ကို ဖုန်းမှာသွင်းလိုက်ပါ။ ပြီးရင် Super SU ထဲဝင်လိုက်တာနဲ့ SU Command ကိုအလိုလျောက်သွင်းသွားပါမယ်။ ဒါပြီးတာနဲ့ ဖုန်းက root access ရနေပါပြီ။ သင့်ဖုန်းကို root checker ဆော့ဝဲတစ်ခုခု (သို့မဟုတ်) root access တောင်းတဲ့ဆော့ဝဲတစ်ခုခုနဲ့စမ်းကြည့်လိုက်ပါ။ သင့်ရဲ့ HTC One (M8) ဟာအောင်မြင်စွာ Root လုပ်ပြီးပြီဖြစ်ပါတယ်။
သက်နိုင်စိုး (Myanmar Mobile App Store)
https://www.facebook.com/thetnaing.mmas?ref=tn_tnmn
No comments:
Post a Comment