Internet for Myanmar : Powered by KK

ံHTC One (M8) နှင့် Desire 816 ဖုန်းမော်ဒယ်နှစ်မျိုး ဈေးကွက်ဝင်

one 


FROM: Internal Journal 
HTC ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်းမော်ဒယ်နှစ်မျိုးဖြစ်တဲ့ HTC One (M8) နဲ့ Desire 816 ဖုန်းတွေကို ပြည်တွင်းဈေးကွက်မှာ ၀ယ်ယူနိုင်ပြီဖြစ်ပါတယ်။ HTC One (M8) ကို ကန်ဒေါ်လာ 699 ၊ Desire 815 ကို ကန်ဒေါ်လာ 395 နဲ့ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ကမ္ဘာပထမဆုံးသတ္တုကိုယ်ထည်ကို အသုံးပြုထုတ်လုပ်ထားတဲ့ HTC One (M8) မှာ Selfie ရိုက်ကူးမှုအတွက် အထောက်အကူပြု ကင်မရာလုပ်ဆောင်ချက်တွေ၊ အရေးပေါ်အသုံးပြုနိုင်ဖို့အတွက် ဘက်ထရီပါဝါကို ကြာရှည်ခံအောင် ပြုလုပ်ပေးတဲ့လုပ်ဆောင်ချက်သစ်တွေ၊ ဗီဒီယိုနဲ့ သီချင်းနားထောင်ခြင်းအတွက် စတူဒီယိုအသံထွက်ကို ရရှိနိုင်ခံစားနိုင်မယ့် စကရင်ထိပ်ဖက်မျက်နှာပြင်နဲ့ အောက်ဘက်မျက်နှာပြင်တွေမှာ စပီကာစနစ်ပါဝင်မှာဖြစ်ပါတယ်။ Desire 816 ကတော့ တန်ဖိုးနည်းနည်းနဲ့ များပြားလှစွာသော လုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်မယ့် စမတ်ဖုန်းအမျိုးအစားဖြစ်ပြီး စကရင်ကြီးကြီး၊ ပါးလွှာတဲ့ဒီဇိုင်း၊ စတူဒီယိုအသံထွက်နဲ့ ဖန်စီကာလာနှစ်သက်သူတွေ အကြိုက်တွေ့စေမယ့် ဖုန်းအမျိုးအစားပဲဖြစ်ပါတယ်။ 




Thiha Htike


REF&Credit : Internal Journal



Member ၀င်ရန်