ဂျပန် တိုယိုတာက Lexus မှ အသစ် ဖြန့်ချီလိုက်တဲ့ ကား ဖြစ်ပါတယ်။ Lexus LS 600 hl လို့အမည် ပေးထားပြီး ဟိုင်းဘရစ် ဇိမ်ခံဆလွန်း ဖြစ်ပါတယ်။ အင်ဂျင် အရွယ် ၅၀၀၀ စီစီ၊ ဓာတ်ဆီ ဗားရှင်း နဲ့ လျှပ်စစ်မော်တာ ၁၆၅ ကီလိုဝပ်အားလည်း တပ်ဆင် ထားပါသေးတယ်။ ဒီတော့ ထုတ်လုပ်နိုင်တဲ့ Total Output က မြင်းကောင်ရေ ၄၃၈ အား ရှိပါတယ်။ ဂီယာ ၈ ချက်ထိုး ကားပါ။
အမြန်ဆုံး Top Speed တစ်နာရီ မိုင်နှုန်း ၁၃၀ မောင်းနှင် နိုင်ပါတယ်။ လေးဘီးမောင်း စနစ် အသုံးပြုတဲ့ကား ဖြစ်ပါတယ်။ ဒီတော့ အင်ဂျင်အား ပိုစိုက်ရသလို၊ ဆီစားလည်း ပိုကုန်ပါမယ်။ ဒါကြောင့် ဆီကုန် သက်သာအောင် ဟိုင်းဘရစ် ဗားရှင်းထုတ်တာပါ။
ဒီတော့ ဆီစားနှုန်းက တစ်ဂါလံကို မြို့တွင်း ၁၉ မိုင်၊ ဟိုင်းဝေး ၂၃ မိုင် ဖြစ်သွားပါတယ်။ တံခါး လေးပေါက် ကားပါ။ နောက်မှာ ပစ္စည်းထည့်ဖို့ အရင် Lexus တွေလိုပဲ အရွယ်တူ အခန်း ပါပါတယ်။ ဟိုင်းဘရစ် မဟုတ်တဲ့ ရိုးရိုး ဗားရှင်းလည်း ထွက်ပါတယ်။ သူကတော့ အင်ဂျင်အရွယ် ပိုငယ် သွားပါတယ်။ ၄၈၀၀ စီစီသာရှိပြီး မြင်းကောင်ရေအား ထုတ်လုပ်မှုကလည်း ၂၀ လောက် ကွာသွားပါတယ်။ ရည်ရွယ်ချက်ကတော့ ဟိုင်းဘရစ်ကိုပဲ အလေးပေး ထုတ်ရောင်းမယ့် သဘောပါ။
အလေးချိန် အားဖြင့် ၅၁၉၉၅ ပေါင်ရှိတဲ့ ကားဆိုတော့ ပေါ့တဲ့ အမျိုးအစားထဲတော့ မပါပါဘူး။ ဇိမ်ခံကား ဖြစ်တဲ့အတွက် အတွင်းမှာ ပြင်ဆင်ထားချက်ကတော့ အပြစ် ပြောစရာ နည်းပါတယ်။ လေးယောက်စာ လုံလောက်ပြီး အဲယားကွန်း စနစ်၊အသံ စနစ် ကောင်းကောင်း အလုပ်လုပ်ပါတယ်။ Apple ရဲ့  Siri Car App နဲ့ Integrated လုပ်လို့ရမယ့် Dahsboard ကို မြင်တွေ့ရမှာပါ။ Car built in control system ဖြစ်ပါတယ်။ LCD တီဗီ ပါရှိပြီး GPS, နောက်ဘက် ကင်မရာ အပြည့်အစုံ ပါရှိပါတယ်။ www.colay.com.mm မှာ ယင်း ကားနဲ့ ပက်သက်လို့ ရေးသား ဖော်ပြ ထားတဲ့ သတင်း တွေကိုလည်း မြင်တွေ့ ဖတ်ရှု နိုင်မှာ ဖြစ်ပါတယ်။
ဒီလို Luxury တန်းဝင် ကားတစ်စီးရဲ့ ဖြစ်တဲ့ Lexus LS 600 hl ရဲ့ တန်ဖိုးဟာလည်း မနည်းလှဘူးဆိုတာ အားလုံး ခန့်မှန်း မိမှာပါ။ Base Price ကို ၁သိန်း ၁သောင်း သတ်မှတ်ထား ပေမယ့် ကန်ဒေါ်လာ ၁သိန်း ၄သောင်း ဝန်းကျင် အထိ ဈေးရှိမယ့်ကား ဖြစ်ကြောင်း သိရပါတယ်။ မြန်မာပြည် ဈေးကွက် မှာလည်း ရရှိ နိုင်နေပြီ ဖြစ်ပါတယ်။ www.motors.com.mm/cars/lexus မှာ ဖော်ပြ ထားတာကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။
.
