Internet for Myanmar : Powered by KK

မြန်မာ့ အိမ်ခြံမြေဈေးကွက်၊ ၀ယ်လိုသူနှင့် ဌားလိုသူ




လေ့လာသုံးသပ်ချက် အရ မြန်မာ့ အိမ်ခြံမြေ ဈေးကွက်တွင် ရင်းနှီးမြုပ်နှံလို သူ ၇၅ % နှုန်း ရှိကြောင်း ဒေသခံ အိမ်ခြံမြေရောင်းဝယ်မှုကိုဝန်ဆောင်မှုပေးသည့် house.com.mm မှ ပြောကြားသွားသည်။ လူတော်တော်များဟာ ဌား တာနဲ့ ၀ယ်တာ ယှဉ်လိုက်ရင် ၀ယ်တာကို ပိုစိတ်ဝင်စားကြောင်း House မှ လွန်ခဲ့ သည့် ဇွန်လ က သုံးသပ်လိုက်ပါတယ်။

ဝယ်ဌားလိုတဲ့ သူတွေအများ ဆုံးဟာ အမျိုးသားများဖြစ်ပြီး အသက်ငယ်သူများဖြစ်တဲ့ ကျောင်းသား၊ ကျောင်းသူများ မှာ အိမ်၊ တိုက်ခန်း၊ကွန်ဒို ဌားသူများဖြစ်ကြပြီး၊ အလုပ်ရ လူလတ်ပိုင်းများဖြစ်တဲ့ အသက် ၃၅ နှစ် ကျော် အရွယ်များ မှာတော့် အိမ်၊တိုက်ခန်းများကို ၀ယ်ယူရန် နှင့် ရင်းနှီးမြုပ်နှံ ရန် စိတ်ဝင်စားကြောင်း House မှပြောကြားသွားပါတယ်။
လေ့လာသုံးသပ်ချက် အရ မြန်မာ နိုင်ငံအတွင်း အိမ်ခြံမြေခြံများနှင့် တိုက်ခန်းများတွင် ရင်းနှီးမြုပ် နှံသည့် ဈေးကွက် ရှင်သန်မှုအကောင်းဆုံးမြို့မှာ ရန်ကုန်မြို့ ဖြစ်ကြောင်း၊ ရန်ကုန်မြို့မှ  ၁၀၀% နှုန်း မှာ ဌားသူများဖြစ်ပြီး ၈၆% နှုန်းမှာ ၀ယ်လိုသူများဖြစ်ပါတယ်။ ရန်ကုန်မြို့ဟာ ယျေဘူယ အခြေအနေများဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားအဆောက်အုံ နဲ့ နေထိုင်မှု အိမ်ယာများ တဟုန်ထိုးတိုးတက်ပြောင်းလဲမှုများကြောင့် တိုက်ခန်း အိမ်ယာဈေးကွက်မှာ ရင်းနှီးမြုပ်နှံရန် အကောင်းဆုံးမြို့ဖြစ်ကြောင်း House မှ မှတ်ချက် ချလိုက်ပါတယ်။ နေပြည်တော် မှာလည်း ၀ယ်လိုသူများ အတွက် အကောင်းဆုံး ရင်းနှီးမြုပ်နှံမှုမြို့ဖြစ်ကြောင်း ပြောကြားသွားပါတယ်။ 

 မြန်မာပြည် ရဲ့ Managing Director ဖြစ်တဲ့ မိုက်ကယ် ဘတ်ကာ မှာတော့် အခုလိုပြောကြားသွားပါတယ်။ ‘ မြန်မာပြည်အတွင်း အိမ်ခြံ မြေဈေးကွက်ကြီးလာတာနဲ့ Customers တွေတော်တော်များ များ ဟာလည်း သူတို့ ရဲ့ အိမ်ခြံ မြေ တိုက်ခန်း တွေမှာ ဌားတာထက် ၀ယ်ယူခြင်းဖြင့် ပိုပြီး ရင်းနှီးမြုပ် နှံ လာတာကို တွေ့ရပါတယ်။ အထူးသဖြင့် အသက် ကြီးပိုင်းများဖြစ်တဲ့ သူများဖြစ်ပါတယ်။ ‘
ရန်ကုန် နဲ့ နေပြည်တော် ဟာ ပိုပြီး မြို့ပြဖြစ်လာတာနဲ့အမျှ ၀ယ်လိုအားလည်း ပိုပြီး တက်လာတာဖြစ်ပါတယ်။ 

၂၀၁၃ မှာ တည်ထောင်လိုက်တဲ့ House.com.mm ဟာမြန်မာအတွင်း အိမ်ခြံမြေခြံ လုပ်ငန်းများကို အင်တာနက် မှတဆင့် ပြည်သူများအား အလွယ် တကူ ရောင်း၊ ၀ယ်၊ ရှာဖွေနိုင်ရန် လုပ်ပေးတဲ့ ၀န်ဆောင်မှု ကုမ္ပဏီဖြစ်ပြီး ဤလေ့လာသုံးသပ်ချက် အရ မြန်မာပြည်သူများ ရဲ့ ဌားလိုအား နဲ့ ၀ယ်လိုအား ကွာခြားမှုကို တင်ပြလိုက်ပါတယ်။

Member ၀င်ရန်