Internet for Myanmar : Powered by KK

အိမ်သုံး စီစီတီဗီ ကင်မရာ ဝယ်တော့မယ်ဆိုရင်

အိမ်သုံး စီစီတီဗီ ကင်မရာ များ တပ်ဆင်ခြင်းဖြင့် မိမိရဲ့ အိမ် လုံခြုံရေးကို များစွာ အထောက်အကူ ပြုစေ ပါတယ်။ ဒါပေမယ့် သူဟာ တကယ်တန်းလိုအပ်မှု ရှိမရှိဟာလည်း စဉ်းစားစရာ လိုအပ်ပါသေးတယ်။ ဒီတော့ မိမိရဲ့ အိမ်အတွက် စီစီတီဗီ ကင်မရာ လိုမလို ကြည့်ရအောင်.


လိုအပ်ချက်ကို တွက်ချက်ပါ

မိမိရဲ့ အိမ်ဟာ ဘာအမျိုးအစားလဲ။ စီစီတီဗီ ကင်မရာ တပ်ရလောက်အောင် အရေးကြီး စိတ်မချရတာတွေ ရှိလား။ ပြီးတော့ မိမိဟာ တပ်တယ်ဆိုရင်လည်း အတွင်းမှာတပ်မှာလား အပြင်မှာ တပ်မှာလား။ အဖြူ အမည်း ကာလာပဲ လိုအပ်တာလား။ ကာလာစုံ လိုအပ်လား။ တစ်လုံးတည်း လိုအပ်လား။ ဘယ်နှစ်လုံး လိုအပ်သလဲ အစရှိသဖြင့် စဉ်းစားစရာတွေ အများကြီး ရှိပါတယ်။

ကင်မရာ အမျိုးအစား

ကင်မရာကို အဓိကအားဖြင့် ကြိုး ကင်မရာ၊ ကြိုးမဲ့ ကင်မရာ၊ IP ကင်မရာ အစရှိသဖြင့် သုံးမျိုး ခွဲနိုင် ပါတယ်။ ကြိုးပါတဲ့ ကင်မရာကတော့ ညဘက်မှာ ကြည့်ဖို့အတွက် IR feature ပါဝင်ပြီး ညဘက်မှာ သူ့ရဲ့ မမြင်နိုင်တဲ့ ရောင်ခြည်နဲ့ အဖြူအမည်းကာလာ ပုံထွက်အောင် ကြိုးပမ်းပေး ပါတယ်။ ကြိုးမဲ့ ကင်မရာကတော့ ဈေးသက်သာ ကင်မရာ ဖြစ်ပြီး အိမ်တွင်း အိမ်ပြင် လုံခြုံရေးအတွက် လွယ်တကူ တပ်ဆင်နိုင်ပါတယ်။ IP ကင်မရာ ကတော့ အင်တာနက် ရှိတဲ့ ဘယ်နေရာကနေပဲ ဖြစ်ဖြစ် ကြည့်လို့ရ ပါတယ်။

ပုံထွက်

1/2"/ 1/3"/ 1.4" အစရှိသဖြင့် အမျိုးမျိုးထွက်ပြီး ဂဏန်းကြီးလေလေ ပုံထွက်ကြီးလေလေ အရည်အသွေး ကောင်းလေလေလို့ အကြမ်းဖျဉ်းမှတ်ယူနိုင်ပါတယ်။ CCD chip ဖြစ်ပါတယ်။

Angel

Lens Angel ဘယ်လောက် လည်နိုင်တယ် ဆိုတာဟာလည်း စစ်ဆေးရန် လိုအပ်ပါသေးတယ်။ များသော အားလုံး ၅၄ ဒီဂရီဝန်းကျင်လောက် လည်ကျပြီး အချို့က ၃၆၀ ဒီဂရီအထိ ရှိပါတယ်။

Resolution

Resolution ကိုလည်း စစ်ဆေးရန်လိုအပ် ပါတယ်။ resolution ထွက်ကောင်းမှ၊ ပုံအရည်အသွေးကောင်းကိုမှ လိုချင်တယ်ုဆိုရင်တော့ တစ်မျိုး ဖြစ်ပြီးအဝင်အထွက် လောက်ပဲ သိချင်ရင် အမြူအမည်းနဲ့ အဆင်ပြေပါတယ်။ resolution ကောင်းတော့ လူရဲ့ မျက်နှာကို အသေးစိတ် စွဲကြည့်နိုင်တဲ့အထိ ကောင်းမွန်မှာ ဖြစ်ပါတယ်။

Recorder

ကင်မရာတပ်ပြီး  recorder မရှိရင် အလကားပါပဲ။ တစ်ချိန်တုန်းက ခွေများ အသုံးပြုပေမယ့် DVD ကနေ အခုတော့ Hard Disk ထဲ သိမ်းတဲ့အဆင့်အထိ ရောက်လာပါပြီ။ hard disk နဲ့ သိမ်းချင်းဖြင့် ကွန်ပြူတာနဲ့ လွယ်တကူ ပြန်ယူနိုင်ပါတယ်။

ဈေးနှုန်း

မြန်မာပြည်မှာ စီစီတီဗီ ဝန်ဆောင်မှု ပေးတဲ့ ကုမ္ဗဏီတွေ အများကြီးပဲ။ ပစ္စည်းလည်း အစုံရပါတယ်။ ဂျပန်ပစ္စည်း၊ တရုတ်ပစ္စည်း၊ ယိုးဒယား ပစ္စည်း၊ ဥရောပ ပစ္စည်း အစရှိသဖြင့် အစုံအလင်ရှိပါတယ်။ အသက်သာဆုံး အားဖြင့် မြန်မာကျပ်ငွေ သုံးသောင်းကျော်တန်ကနေ ဈေးအကြီးဆုံး ၅သိန်း၊ ၆ သိန်း အထက်များအထိတောင် ရှိပါတယ်။ ဈေးနှုန်းများကို Grand Electronic and mobile မှာလည်း တင်ထားတာကို ဝင်လေ့လာနိုင်ပါတယ်။
.

Member ၀င်ရန်