Internet for Myanmar : Powered by KK

အိမ်မှာ သင့်ကို ပြုစုပြီး အတူဆော့ပေးမယ့် စက်ရုပ်


Android OS ကိုပဲ အသုံးပြီးတော့ ပြင်သစ်နိုင်ငံ အခြေဆိုက် Blue Frog Robotics ကုမ္ဗဏီ ကနေပြီးတော့ စက်ရုပ် အသစ် တစ်မျိုးမိတ်ဆက်ပေးလိုက်ပါတယ်။ ယင်းကတော့ မိမိရဲ့ အိမ် ကို လုံခြုံအောင်လည်း ထိန်းသိမ်းပြီး မိမိနဲ့ အတူဆော့ပေးမယ့် စက်ရုပ် ဖြစ်ပါတယ်။ စက်ရုပ်ဟာ အသံကို ကြားနိုင်တယ်။ ပြန်ပြောနိုင်တယ်။ သူ့ရဲ့ မျက်နှာပြင်ကို အသုံးပြုပြီးတော့လည်း Skpe call ပြုလုပ်ခြင်းတို့ရပါတယ်။ ကင်မရာလည်း ပါတာကြောင့် ဓာတ်ပုံရိုက်ပေးပြီး မိမိပုံကို social media ပေါ်လည်း တင်ပေးတတ်ပါတယ်။ 


သူ့မှာ sensor များလည်း ပါဝင်ပါတယ်။ မိမိနဲ့အတူ တူးတူပုန်းတန်းလည်း ဆော့တတ်ပါတယ်။ စနောက်တဲ့ စကားလည်း ပြောတတ်ပါတယ်။ အိမ်မှာ မီးလောင်နိုင်ချေရှိတယ်ဆိုရင်လည်း အသိပေးတတ်ပါတယ်။ လျှပ်စစ်မီးဖို ခလုတ် ပိတ်ခိုင်းတာတို့လည်း လုပ်လို့ရပါတယ်။ ထူးခြားချက်ကတော့ ဈေးသက်သာခြင်းပါ။ ယင်း စက်ရုပ်ကို Buddy လို့အမည်ပေးထား ပြီး ဈေးကလည်း အမေရိကန်ဒေါ်လာ ၆၄၉ ဒေါ်လာပဲ ရှိပါတယ်။ ဈေးအကြီးဆုံး ဗားရှင်းတောင် ကန်ဒေါ်လာ တစ်ထောင်ပဲ ရှိပါတယ်။ ဒါကြောင့်မို့ စမတ်ဖုန်း တစ်လုံးရဲ့ ဈေးနဲ့ အတူတူလောက် ပါပဲ။ 

သူ့ကို စတင်ပြုလုပ်ဆဲဖြစ်ပြီး ယခုနှစ်အတွင်းမှာ ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မိမိရဲ့ အိမ် တိုက်ခန်း များကို လုံခြုံအောင်လည်း ထားနိုင်သလို အသက်ကြီး ဘိုးဘွားများအတွက်လည်း အကူအညီအဖြစ် ထားနိုင်ပါတယ်။ သတင်းအပြည့်အစုံကို Tomsguide ထဲမှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။ 



Member ၀င်ရန်