Internet for Myanmar : Powered by KK

YTalk ကတ်ဖြင့် နိုင်ငံတကာ





 
YTalk ကတ်ဖြင့် နိုင်ငံတကာသို့ အကန့်အသတ်မရှိ ဖုန်းခေါ်နိုင်မည့် အစီအစဉ်တစ်ရပ် ပြုလုပ်မည်ဖြစ်ကြောင်း VMG ကုမ္ပဏီ၏ ဒါရိုက်တာ ဦးအောင်ထွန်းက ပြောသည်။


နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုနေသော ပြည်တွင်းကုမ္ပဏီများအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


“တိုက်ရိုက် Monthly Plan ပေါ့။ ကြိုက်သလောက်ပြော တစ်လဘယ်လောက်ပေါ့။ Package နဲ့ နိုင်ငံခြားအခေါ်များတဲ့ ကုမ္ပဏီဆို အဆင်ပြေတယ်။ Package သုံးခုလောက် ခွဲထားတယ်” ဟု ဦးအောင်ထွန်းက ပြောသည်။


Package သုံးမျိုးခွဲခြားကာ ရောင်းချရန်စီစဉ်ထားပြီး Package One တွင် နိုင်ငံ ၁၀ ခုသို့လည်းကောင်း၊ Package Two တွင် နိုင်ငံ၂၀ သို့လည်းကောင်း၊ Package Three တွင် နိုင်ငံ ၅၀ သို့လည်းကောင်း အကန့်အသတ်မရှိ ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါဝန်ဆောင်မှု အသုံးပြုမည့်သူအနေဖြင့် အကောင့်တစ်ခု ရရှိမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများ၏ သက်ဆိုင်ရာ ကုတ်များကို ရိုက်ဖြည့်စရာမလိုဘဲ တိုက်ရိုက်ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။


YTalk ဝန်ဆောင်မှု ပြန်လည် စတင်လိုက်ခြင်းဖြစ်ပြီး ယခုလမှစတင်ကာ Ytalk ကတ်များကို ပြန်လည် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
 
 
 
Credit to internetjournal 
 
 
 
Thiha Htike(THT)
 
thihahtike.it@gmail.com

Member ၀င်ရန်