Internet for Myanmar : Powered by KK

Showing posts with label Android Video Editors. Show all posts
Showing posts with label Android Video Editors. Show all posts

Android အတွက် အကောင်းဆုံး VIDEO တည်းဖြတ် APP ၁၀ ခု


ဗွီဒီယိုတည်းဖြတ်ခြင်းဟာ ဖုန်းတစ်လုံးအနေနဲ့ လုပ်လို့ ရတဲ့ အခက်ဆုံးအလုပ်တစ်ခု ဖြစ်ပါတယ်။ ကွန်ပျူတာတွေမှာ အရမ်းကောင်းမွန်တဲ့ specs တွေ ၊ RAM ပမာဏအမြင့်စား ၊ သိုလှောင်မှုကောင်းပြီး တစ်ခြားတစ်ခြား အလုပ်လုပ်လို့ ဖြစ်မယ့်အရာတွေ အများကြီး လိုအပ်ပါတယ်။ ဒါ့ကြောင့်ပဲ မိုဘိုင်းလ်ဖုန်းတွေပေါ်မှာ ဗွီဒီယိုတည်းဖြတ်ဖို့ ဆိုတာ အတော်လေးခက်ခဲပါတယ်။ ဖုန်းတွေမှာ Final Cut Pro တို့  Adobe Premiere Pro တို့ လိုမျိုး အက်ပ်တွေကို ပွားယူဖို့ ပါဝါတို့ specs တို့ မရှိထားပါဘူး။ မိုဘိုင်းလ်ပေါ်မှာ အနီးစပ်ဆုံး လုပ်လို့ ရမယ့် အရာမျိုးတောင် ရှာတွေ့ မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း တစ်ချို့ အက်ပ်တွေဟာ အခြေခံပိုင်းလေးတွေကို တော်တော်လေး လုပ်နိုင်ပါတယ်။ သင်သာ စိတ်ရှည်တယ်ဆိုရင် တစ်ချို့ ပရော်ဖက်ရှင်နယ် ဘလော့ဂ်တင်တာမျိုးအတွက်တောင် လုပ်လို့ ရနိုင်မှာပါ။ Android ပေါ်မှာ အကောင်းဆုံးလို့ ဆိုရမယ့် video editor apps တွေကို ဖော်ပြလိုက်ပါတယ်။
            (၁) Adobe Premiere Clip

Adobe Premiere Clip ဟာ video editor apps တွေထဲမှာ နာမည်ကြီး အက်ပ်တစ်ခု ဖြစ်ပါတယ်။ သူ့ မှာ ကိုယ့်ဘာသာ မတည်းဖြတ်ချင်ပါက ကိုယ့်ရဲ့ ပုံတွေနဲ့ ဗွီဒီယိုကိုသုံးပြီး ဗွီဒီယိုဖိုင်တွေ အလိုအလျောက် တည်းဖြတ်ပေးနိုင်တဲ့ features တွေ အပါအဝင် တစ်ခြား features တွေလည်း အများကြီး ပါရှိပါတယ်။ အဲသလို မဟုတ်ဘဲ tools တွေ ၊ အထူးပြုလုပ်ချက် effects တွေနဲ့ သီချင်းတွေကို သုံးပြီး ကိုယ့်ဘာသာလည်း ဗွီဒီယို တည်းဖြတ်လို့ ရနိုင်ပါတယ်။ ဒီအက်ပ်ဟာ ကိုယ့်ပိုင် သီချင်းတွေကို သုံးလို့ ရအောင် အဆင့်မြှင့် boost လုပ်ထား တယ်ဆိုပေမယ့် တစ်ချို့ သုံးစွဲသူတွေအတွက်တော့ ဒီလိုလုပ်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒီအက်ပ်ဟာ ပရောဂျက်တစ်ခု ပြီး နောက်တစ်ခု ဆက်လုပ်သွားလို့ ရအောင်လို့ Adobe Premiere Pro နဲ့ ချိန်သားကိုက် လုပ်ဆောင်ပေးပါတယ်။ အထူးသဖြင့် PC တို့ Mac တို့ ပေါ်မှာ Adobe Premiere Pro ကို သုံးမယ်ဆိုရင် ရိုက်ချက်ကောင်းကောင်း ထွက်ပါတယ်။
Download “Adobe Premiere Clip” for Android
            (၂) Funimate

            Funimate ဟာ အံအားသင့်စရာကောင်းလောက်အောင် နာမည်ကျော်တဲ့ အက်ပလီကေးရှင်းတစ်ခု ဖြစ်ပေမယ့် video editor apps ထဲမှာတော့ ပြောလောက်အောင် အကောင်းစား အက်ပ်တစ်ခုတော့လည်း မဟုတ်ပါဘူး။ ကိုယ့်ဖုန်းထဲမှာ ရှိထားတဲ့ အရာတွေနဲ့ ပဲ ရိုးရှင်းတဲ့ ဗွီဒီယိုတွေ ၊ သီချင်းဗီဒီယိုတွေကို ဖန်တီးဖို့ အတွက်ကောင်းတဲ့ အက်ပ်တစ်ခု အဖြစ် အဆင့်မြှင့်ထားတာပါ။ ကိုယ့်တည်းဖြတ် လို့ ရနိုင်တဲ့ video filter ၁၅ ခု ရှိပြီး အဲသလို တည်းဖြတ်တဲ့ process ကလည်း တော်တော်လေး ပေါ့ပေါ့ပါးပါး ရှိပါတယ်။ တကယ့် ဗွီဒီယိုတစ်ခုမှာ သုံးဖို့ ကောင်းတဲ့ အက်ပ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရိုးရိုးရှင်းရှင်း လေးဖန်တီးဖို့ လိုအပ်ရင်တော့ သုံးပျော်ပါတယ်။ ဒီအက်ပ်ကိုတော့ အခမဲ့ ရနိုင်တာ ဖြစ်လို့ စမ်းကြည့်တာ မမှား ပါဘူး။
Download “Funimate” for Android
(၃) Movie Maker Filmmaker

            Movie Maker Filemmaker ကတော့ ဗွီဒီယိုတစ်ခု တည်းဖြတ်ရာမှာ စံတင်လောက်တဲ့ video editor အက်ပ်တစ်ခု ဖြစ်ပါတယ်။ ဗွီဒီယိုအစိတ်အပိုင်းအလိုက် သပ်ရပ်သွားအောင် တိ trim လုပ်နိုင် ၊ ဖြတ် crop နိုင် နှင့် ပြန်စီ reorder နိုင်သလို focal points ထားတာမျိုး လုပ်လို့ ရနိုင်ပါတယ်။ ဗွီဒီယို အထူးပြုလုပ်ချက်အမျိုးမျိုး ထည့်ထားပြီး လုပ်ဆောင်ချက်ပိုင်းမှာ အံအားသင့်စရာကောင်းလောက်အောင် စွမ်းအားမမြင့်ပေမယ့် ကိုယ့်စိတ်ကြိုက် filter ဆွဲပြီး ဒီဇိုင်းချနိုင်ပါတယ်။ အက်ပ်ဟာ အဓိကအပိုင်းတွေကို ပြန်ပြီး ဒီဇိုင်းဆွဲထားတာ ဖြစ်လို့ တစ်ချို့ bug ပိုင်းပြဿနာတစ်ချို့ ရှိထားပေမယ့် တစ်ခြားဗွီဒီယိုတည်းဖြတ်အက်ပ်တွေ ထက် ပိုကောင်းတဲ့ အက်ပ်တစ်ခု ဖြစ်ပါတယ်။ ဒီအက်ပ်ကိုတော့ လုံးဝ အခမဲ့ပေးထားပါတယ်။
Download “Movie maker filmmaker” for android
            (၄) PowerDirector Video Editor

PowerDirector ဟာ အခုပြောထားတဲ့ စာရင်းထဲမှာ နားလည်ဖို့ အလွယ်ဆုံး ဗွီဒီယိုတည်းဖြတ်အက်ပ် တစ်ခု ဖြစ်ပါတယ်။ သူ့ မှာ အမြန်တည်းဖြတ်လို့ ရတဲ့ tools ၊ အထူးပြုလုပ်ချက်အမျိုးမျိုး နှင့် တစ်ခြား tools များအပါအဝင် features တွေ အများကြီးနဲ့ လာပါတယ်။ ဒီအက်ပ်မှာဆို Collage Maker နဲ့ အနှေးပြကွက် Slow Motion ပိုင်းကိုပါ ထည့်ထားပါတယ်။ သုံးရတာလည်း အတော်လေး လွယ်ကူပြီး အရင်တုန်းက ဗွီဒီယိုတည်းဖြတ် အတွေ့ အကြုံရှိထားတဲ့သူတွေကို အေးအေးဆေးဆေး ဝင်သုံးလို့ ရအောင်လို့ timeline editor နည်းလမ်းကို သုံးထားပါတယ် ဒီအက်ပ်ကို အခမဲ့ဒေါင်းလုပ်ဆွဲသုံးနိုင်တယ်ဆိုပေမယ့် သူ့ ရဲ့ features တွေအားလုံးကို သုံးလို့ ရအောင်တော့ ငွေတစ်ချို့ ထပ်သုံးဖို့ လိုပါလိမ့်မယ်။
Download “PowerDirector Video Editor” for Android
            (၅) Quik

Quik ကတော့ video editor apps တွေထဲမှာ အသစ်ထွက်တဲ့ မျိုးဆက်တစ်ခုဖြစ်ပြီး ရိုးရိုးရှင်းရှင်းလေး သုံးချင်ရင် အတော်လေး ကောင်းပါတယ်။ သုံးနည်းကတော့ ဓါတ်ပုံ နှင့် video clips ပေါင်း ၅၀ အထိ ထည့်လို့  ရပြီး အက်ပ်ဟာ တစ်ခုချင်းကို ခွဲခြမ်းစိတ်ဖြာပြီး ဒီပုံနဲ့ video clip တွေပေါ် မူတည်ပြီး ဗွီဒီယိုအတိုလေးတစ်ခု ခွဲပေးမှာပါ။ Quik မှာ ဗွီဒီယို ပုံစံပေါင်း နှစ်ဒါဇင်လောက်ပါရှိပြီး ပြန်ပြီး စီလို့ ရပြီး ဗွီဒီယိုမတင်ချင်မှာ စိတ်ကြိုက် ပြင်လို့ ရပါတယ်။ ဒီကောင်လေးကတော့ Adobe Premiere Clip တို့ PowerDirector တို့ လိုတော့ မကောင်းပေ မယ့် လူတိုင်းက ဒါမျိုး အလန်းစားအက်ပလီကေးရှင်းတွေ လိုအပ်တာမှ မဟုတ်တာ။ ဒီအက်ပ်ကလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ အခမဲ့ ကောက်ဆွဲလို့ ရပါတယ်။
Download “Quik” for Android
            (၆) ViraVideo

VivaVideo ဟာ လူအများစုအတွက် အလုပ်ဖြစ်တဲ့ အလတ်တန်းစား ဗွီဒီယိုတည်းဖြတ်အက်ပ်ကောင်း တစ်ခု ဖြစ်ပါတယ်။ ဒီအက်ပ်ဟာ ကိုယ်တင်ခဲ့တဲ့ clip တွေ ရှိတဲ့နေရာကနေ တည်းဖြတ်လို့ ရတဲ့ ရုပ်သံအစီအစဉ် တစ်ခုကို သုံးထားပြီး ဒီ clips တွေကို လိုသလို တည်းဖြတ်တာ သေသေသပ်သပ်ဖြစ်ရင် trim လုပ်ဖြတ်တာလုပ်နိုင်ပြီး နောက်တစ်ပိုင်းကို ဆက်သွားပါတယ်။ သူ့ မှာ video filter ပေါင်း ၂၀၀ ကျော် ပါရှိပြီး အခြား အထူးပြုလုပ်ချက်တွေ ၊ စာသားထည့်တာ မျိုးနဲ့ အမြန်အနှေးပြတာတွေ လုပ်လို့ ရနိုင်ပါတယ်။ VivaVideo ဟာ ရေဆေးနဲ့ လာတဲ့ အခမဲ့ ဗားရှင်းဖြစ်ပြီး ဘယ်ဗွီဒီယိုအတွက်မဆို အချိန်အကန့် အသတ်ရှိပါတယ်။ ဒီလို ကန့် သတ်ချက်တွေကို ဖယ်ရှားဖို့ pro version တစ်ခု ဝယ်လို့ ရပါတယ်။
Download “Viva Video” for Android
            (၇) Video Editor

များသောအားဖြင့် Video Editor လိုမျိုး လက်တွေ့ ကျတဲ့နာမည်မျိုးနဲ့ လာတဲ့ အက်ပ်တွေဟာ အချိန်ပေးရတာ မတန်ပါဘူး။ဒါပေမယ့်လည်း ဒီတစ်ခါမှာတော့ တန်သွားမှာပါ။ ဒါဟာ trim video လုပ်ရာ ၊ clip တွေကို စီစဉ်ပြီး သီချင်းတွေ ထည့်တာမျိုးလို အခြေခံ လုပ်လို့ ရတဲ့ ရိုးရှင်းတဲ့ ဗွီဒီယို တည်းဖြတ်အက်ပ် တစ်ခု ဖြစ်ပါတယ်။ ဗွီဒီယိုတွေမှာ စာသားနဲ့  emoji ထည့်ခြင်းနှင့် နည်းနည်းမြူးစေဖို့ ဗွီဒီယို အထူးပြုလုပ်ချက်လေးတွေ ထည့်တာမျိုးတွေလို အပို features တစ်ချို့ သုံးလို့ ရမှာပါ။ ဒီကောင်ဟာလည်း Vine တို့ Instagram တို့ လို မျိုးအတွက် အရမ်းအဆင်ပြေပါတယ်။ ဒါပေမယ့်လည်း ကြီးမားတဲ့ ထုတ်လုပ်ချက်တွေအတွက်တော့ လုပ်လို့  မရနိုင်ပါဘူး။ အနည်းဆုံးတော့ ဒီအက်ပ်ကို အခမဲ့ သုံးလို့ ရနိုင်ပါတယ်။
Download “Video Editor” for Android
            (၈) Videoshop

Videoshop ကလည်း ရိုးရိုးရှင်းရှင်းသုံးချင်သူတွေအတွက် အတော်လေးကောင်းမွန်တဲ့ video editor app တစ်ခုပါ။ သူမှာလည်း ဗွီဒီယိုဖိုင်ကို သေသေသပ်သပ်လေးဖြစ်အောင် trimming လုပ်တာ ၊အခြေခံ တည်းဖြတ်မှုပိုင်းနှင့် သီချင်းတွေထည့်တာမျိုး စသည်ဖြင့် လုပ်လို့ ရတဲ့ features တွေ အများကြီးပါရှိပါတယ်။ ဒါ့အပြင်ဒီအက်ပ်မှာtransition animations များ ၊ အသံဖမ်းလို့ ရခြင်း ၊stop motion ပိုင်း ၊အသံ effects များ နှင့် ဗွီဒီယိုကို ပြန်ရစ်ပြီး ပြလို့ ရတာမျိုးလို ပျော်စရာလေးတွေ ထည့်ပေးထားပါတယ်။ ဒီကောင်လေးကို အခမဲ့ ဒေါင်းလုပ်ဆွဲပြီးသုံးနိုင်ပြီး အပိုfeatures များအတွက် 0.99 ဒေါ်လာ ကျသင့်ပါတယ်။
Download “Videoshop” for Android
            (၉) VideoShow

VideoShow ဟာ တကယ့်ကို ကောင်းတဲ့ video editor app တစ်ခုပါ။ PowerDirector တို့ Premiere Clip တို့ လိုမျိုးအလန်းကြီး မဟုတ်ပေမယ့် သူ့ မှာ features တွေ အများကြီးပါရှိပါတယ်။ ဒီထဲမှာက ကိုယ့်ရဲ့ ဗွီဒီယိုမှာ effects အမျိုးမျိုး ထည့်လို့ ရနိုင်ပါတယ်။ ဒီ effects တွေထဲမှာ စတစ်ကာတွေ ၊ စာသာ (ဖောင့်အပါအဝင်) ၊ themes များနှင့် ကိုယ်နှစ်သက်ရာ ရွေးသုံးလို့ ရတဲ့ တစ်ခြား အထူးပြုလုပ်ချက်တွေလည်း ပါရှိပါတယ်။ လိုအပ်လို့ အသံဖမ်းချင်တယ်ဆိုရင် ဗွီဒီယိုပေါ်မှာ ပုံဆွဲလို့ ရနိုင်ပါတယ်။ controls ပိုင်းတွေက သုံးရတာ လက်ပေါက်ကပ်ပြီး သူ့ မှာ ရှင်းထုတ်ဖို့ လိုတဲ့ Bug တွေ ပြဿနာတွေ ရှိထားပေမယ့် သုံးပျော်ပါတယ်။
Download “VideoShow” for Android
            (၁၀) VQuick

VQuick ဟာ ကျွန်တော်တို့ ရဲ့ video editor apps များစာရင်းမှာ နောက်ဆုံးကဖြစ်ပြီး အသစ်လွင်ဆုံး အက်ပ်တစ်ခုလည်း ဖြစ်ပါတယ်။ ဗွီဒီယိုဘလော့ဂ်ရေးသူတွေ ၊ ဂျာနယ်လစ်ပိုင် နဲ့ အလားတူ လူမှုရေးပိုင်းသုံး ဗွီဒီယို ဖန်တီးသူများအတွက် သီးသန့် ထုတ်ထားတာပါ။ သူ့ မှာ အခြေခံ တည်းဖြတ်ရေး features တစ်ချို့  ပါရှိပေမယ့် အထူး features ရယ်လို့ မပါရှိပါဘူး။ ကိုယ့်ဗွီဒီယိုကို တစ်ခြားသူတွေ ကြည့်လို့ ရမယ့် လူမှုကွန်ယက်မှာ ထည့်ထားတာပါ။ ကိုယ့်ဗွီဒီယိုကို တစ်ယောက်ယောက်ကို ပြသပြီး ကြည့်ရှုပြီးတာနဲ့ ဖျက်လို့ ရတဲ့ self-destruct mode တစ်ခုလည်း ပါရှိပါတယ်။ သူ့ ကတော့ သီးသန့် ဖြစ်ပြီး လုံးဝ အခမဲ့ပါပဲ။ ဒါပေမယ့်လည်း တစ်ခုရှိတာက လူတော်တော်များများကတော့ ဒါကို သုံးကြတာ မဟုတ်ပါဘူး။ နောက်ပြီးသူ့ မှာ ရှင်းပေးဖို့ လိုနေသေးတဲ့ bugs တွေလည်း ရှိနေပါသေးတယ်။
Download “VQuick” for Android

Wai Lin Aung (Myanmar Mobile App)

Android ဖုန်းကနေ ဗီဒီယိုတည်းဖြတ်ချင်ရင်သုံးဖို့  Video Editor Pro

Android ဖုန်းကနေ ဗီဒီယိုတည်းဖြတ်ချင်ရင်သုံးဖို့ 





Download - Video Editor Pro


Android အတွက် MP4 တွေကို MP3 ပြောင်းတဲ့Video တည်းဖြတ်ဆော့ဝဲ







Download - VidTrimPro.37.apk


Ref : www.zwmnna.com

Photo movie creator (မိမိဓါတ်ပုံတွေကိုနောက်ခံသီချင်းထည့်ပြီး movie အဖြစ်ပြောင်းလဲမယ်) (For Android phone)


 

မင်္ဂလာပါဗျာ Android ဖုန်းတွေမှာ မိမိဓါတ်ပုံများကိုနောက်ခံ သီချင်းထည့်ပြီး movie အဖြစ်ပြောင်းလဲပြီး Facebook ပေါ်သို့ တိုက်ရိုက် ပြန်ရှယ်လို့ရပါတယ်ပြောင်းလဲတဲ့ အခါလည်း မိမိစိတ်ကြိုက် စာသားတွေနဲ့ Effect တွေ ထည့် သွင်းလို့ ရပါတယ်ဗျာ။ ဖုန်းထဲမှာ Photo Sliteshow လုပ်ချင်ပါတယ် ဆိုတဲ့ သူငယ်ချင်းတွေ အတွက်တင်ပေးလိုက်ပါတယ် File Size (16.44MB) ရှိပါတယ်...။

အောက်ကလင့်မှာဒေါင်းယူနိုင်ပါပြီ...။

>>>>>Download Now<<<<<

 App Screenshots

 



Photo Slideshow Maker (for andriod phone)




တလောက Photo Slideshow Maker တခုတင်ပေးတာ အဆင်မပြေကြလို့ ဒီတခုထပ် တင်ပေးလိုက် ပါတယ်။ ဒါလေးကတော့ Sd Card ထဲ အကုန်သိမ်းလို့ရပါတယ်။ ဆောဝဲရဲ့ အားနည်းချက်ကတော့ Save တဲ့အချိန်မှာ နဲနဲစောင့်ရတယ်။ ကိုကြိုက်နှစ်သက်တဲ့ ပုံများနှင့် mp3 သီချင်းများကိုထည့်ပြီး photo siteshow အဖြစ် MP4,3GP,MOV ဗီဒီယိုဖိုင်အဖြစ်  ပြောင်းလဲပေးနိုင်ပါတယ်..။ တောင်းထားတဲ့သူရှိတုန်း တင် ပေးလိုက်ပါတယ်  ။
စိတ်ဝင်စားရင် အောက်ကလင့် မှာဝင်ရောက်ဒေါင်းယူနိုင်ပါတယ်....။
>>>>>Download Now<<<<<
 App Screenshots


 
အားလုံးပဲအဆင်ပြေပါစေ...။

Video Converter Android + key full version (for andriod phone)


Andriod ဖုန်းမှ video ဖိုင်များကို ကိုယ့်စိတ်ကြိုက် asf, avi, divx, flv, m2v, m4v, mjpeg, mkv, mov, mpg, ogg, ogv, rm, rmvb, webm, wmv, dv, mp3 အစရှိတဲ့ ဖိုင်များအဖြစ် မိမိ၏ andriod ဖုန်းအတွင်းမှာပဲ convert လို့ရ တဲ့ဆောဝဲလေးပါ...။ ဖုန်းတွင် မရှိမဖြစ် လိုအပ်သောဆောဝဲ လေးဖြစ်ပါတယ်။ ဗီဒီယိုဖိုင်များကို mp3 ဖိုင်အဖြစ် သို့လည်း  ပြောင်းလဲပေးနိုင် တဲ့အတွက် အရမ်း အသုံးဝင်ပါတယ်။ Video Resolution အရမ်းကြီးလို့ မော်ဒယ်နိမ့်ဖုန်းတွေ ဖွင့်မရလို့Resolution သေးအောင် ကွန်ပြူတာ မလိုပဲ ဖုန်းထဲမှာ အဆင်ပြေပြေ နဲ့ convert လုပ်နိုင်မှာဖြစ်ပါတယ်။ Andriod Version 2.1 အထက်တွေမှာ သုံးနိုင်မှာ ဖြစ်ပါတယ်။ full version အဖြစ်အသုံးပြုလို့ရအောင် Video converter android key.apk ပါတင်ပေးထားပါတယ်။ Video converter android key.apk လေးက play store မှာ ဆိုရင် US$3.12 ပေးဝယ် ရပါတယ်။ ကျနော့် ဆိုက်ထဲမှာ free တင်ပေးထားပါတယ်....။ နောက်ဆုံးထွက် Update လေးကို တင်ပေးထားပါတယ်။
အောက်က ပေးထားတဲ့ ဆောဝဲ 3 ခုလုံးကို ဒေါင်းပြီး install ပါ။ ပြီးရင် full version အဖြစ် သုံးလို့ရပါပြီ။ 
App Screenshoots

  
 
အားလုံးအဆင်ပြေပါစေ.....။


FxGuru: Movie FX Director ( For Andriod Phone) ဖုန်းမှာ ဗီဒီယိုရိုက်ရင်း Effect မျိုးစုံး ပါတဲ့ဆောဝဲလေး


Andriod ဖုန်းအတွက် FxGuru: Movie FX Director လေးက ထွက်ထားတာ ကြာပါပြီ။ အရင်က Version က Effect စုံပေမဲ့ နှစ်ခုပဲ Free ပေးပါတယ်။ အခုထွက်တဲ့ အသစ်ကတော့ နဲနဲပိုစုံပါတယ်။ နေရာတခုမှာ ဗီဒီယို ရိုက်ရင်းနဲ့ အဲမှာ Effect အလန်းလေးတွေထည့်တဲ့ဆောဝဲလေးပါ။ ကျနော်ကိုယ်တိုင်စမ်းသပ် ကြည့် တာတော့ တော်တော်လေးလန်းပါတယ်။

အောက်မှာ Video ဖိုင်လေးတင်ပေးထားပါတယ်။ လန်းမလန်းဆိုတာ ကိုယ်တိုင်ဒေါင်းပြီး စမ်းသပ်ကြည့် လိုက်ပါ။ အဲထဲမှာ ၀ယ်ရတာလေးလည်း ပါ ပါတယ်။ အလကားလည်းပါတယ်။ တော်တော်လေး လန်းပါတယ်။ v.1.4.1 လေး အသစ်ထွက်ထားတဲ့ App လေးပါ။ Andriod Version 2.2 အထက်မှာ သုံးလို့ အဆင်ပြေပါတယ်။ ဆောဝဲမဒေါင်းခင် လောက်ကလင့်မှာ ဗီဒီယိုဖိုင်လေး ကြည့်ဖြစ်အောင် ကြည့်လိုက်ပါ။
ဆောဝဲလေးကိုတော့ ဒီအောက်ကလင့်ထဲမှာ ဒေါင်းယူသနိုင်ပါပြီ။

File Size 50 MB
App Screenshots
FxGuru:  Movie FX Director - screenshot thumbnailFxGuru:  Movie FX Director - screenshot thumbnail
 ကို ဗီဒီယိုဖိုင် ကြည့်လိုက်ပါ။
 
အားလုံးအဆင်ပြေပါစေ.......။


X Video Editor- Beautify video (Andriod ဖုန်းတွေမှာ Video တည်းဖြတ်လို့ရတဲ့ ဆောဝဲလ် လေးပါ)



X Video Editor လေးက Andriod ဖုန်းတွေအတွက် ဗီဒီယို တည်းဖြတ်လို့ရတဲ့ ဆောဝဲလ်ကောင်းပါ။  သူ့ရဲ့ Function တွေကတော့ ဗီဒီယိုတွေ ကိုယ်တိုင်ဖုန်းနဲ့ ရိုက်ပြီး Effect တွေ ထည့်, စာသား Subtitle တွေ ထည့်, ပြီးတော့ ရိုက်ထားပြီးတဲ့ ဗီဒီယိုတွေ တခုနဲ့တခု ဆက်လို့ရတယ်။ ဗီဒီယိုတွေ ရဲ့ နောက်ခံသီချင်းလေးကို SD Card မှာရှိတဲ့ MP3 တွေကို စိတ်ကြိုက် ပြောင်းထည့်လို့ရတယ်။
ကိုယ်ရိုက်ထားတဲ့ Video တွေကို စာသားထည့်, Effect ထည့်, နောက်ခံသီချင်းထည့်, ပြီးတော့ ဗီဒီယိုတွေကို ပြန်ဆက်, တော်တော်လေးကိုအဆေပြေပါတယ်။ ကွန်ပြူတာလောက် သုံးမရပေမဲ့ ဆောဝဲ အားလုံး တွေတော်တော်များများထဲမှာ ဒီ X Video Editor လေးက တော်တော်လေး အဆင်ပြေပါတယ်။ ကျနော် အချိန်နည်းနေလို့ လုပ်နည်း ဗီဒီယိုဖိုင်မတင်နိုင်တာ တောင်းပန်ပါတယ်နော်။ 
သုံးရတာလည်း လွယ်ပါတယ်။ ကိုယ်တိုင် ဆောဝဲဒေါင်းပြီး ကလိကြည့်ပါ။ ပြီးတော့ ဖုန်းဆောဝဲတွေထဲမှာ Video ဆောဝဲ Effect အလန်းဆုံး တခုကို ဒီလင့်မှာ ၀င်ယူလိုက်ပါ။ အဲကရတဲ့ ဆောဝဲနဲ့ အခုတင်ထားတဲ့ X Video Editor လေးနဲ့ ဆိုရင် တော်တော်လေး လန်းသွားမှာပါ။ စိတ်ဝင်စားရင် အောက်ကလင့်မှာ ဒေါင်း ယူနိုင်ပါပြီ။
App Screenshots
X Video Editor- Beautify video - screenshot thumbnailX Video Editor- Beautify video - screenshot thumbnailX Video Editor- Beautify video - screenshot thumbnailX Video Editor- Beautify video - screenshot thumbnailX Video Editor- Beautify video - screenshot thumbnailX Video Editor- Beautify video - screenshot thumbnailX Video Editor- Beautify video - screenshot thumbnailX Video Editor- Beautify video - screenshot thumbnailX Video Editor- Beautify video - screenshot thumbnailX Video Editor- Beautify video - screenshot thumbnailX Video Editor- Beautify video - screenshot thumbnailX Video Editor- Beautify video - screenshot thumbnailX Video Editor- Beautify video - screenshot thumbnailX Video Editor- Beautify video - screenshot thumbnail

အားလုံးအဆင်ပြေပါစေ။


Member ၀င်ရန်