Internet for Myanmar : Powered by KK

Showing posts with label Myanmar Fonts and Keyboards without Jailbreak. Show all posts
Showing posts with label Myanmar Fonts and Keyboards without Jailbreak. Show all posts

Me Note (Myanmar Keyboard) for iOS


အခုလက်ရှိ iOS 7 တင်ပြီး Jailbreak မရသေးသူများအတွက် မြန်မာစာပေါ်အောင် ဖြေရှင်းပေးခဲ့ပေမယ့် မြန်မာစာလက်ကွက်အတွက်တော့ အခက်အခဲများ ရှိနေပါတယ်။
သို့သော် အခုအခါမှာတော့ Myanmar Developer ဖြစ်သူ ကိုထွန်းလင်းမှ အဲ့ဒီပြဿနာကို ဖြေရှင်းဖို့အတွက် app တစ်ခုကို အခမဲ့ထုတ်ဝေခဲ့ပါတယ်။
App အမည်ကတော့ Me Note လို့ အမည်ပေးထားပြီးတော့ Twitter, Mail, Facebook တွေကို တိုက်ရိုက် လှမ်းတင် လှမ်းပို့နိုင်ပါတယ်။
မြန်မာစာကီးဘုတ်ကိုလည်း ပေါ့ပါးစွာ ရိုက်တင်နိုင်တာကို တွေ့ရပါတယ်။ အားလုံး အဆင်ပြေကြပါစေခင်ဗျာ။
screen568x568
Be Sociable, Share!




Ref : Apple 4 MM

IOS 7,7+ တွင် MYANMAR လို ဖတ်ရှုနိုင်ပြီ



iOS 7 နှင့်အထက်ကို ယနေ့ထိ Jailbreak လုပ်လို့ မရသေးတာ အားလုံးပဲသိကြပါလိမ့်မယ်။ Jailbreak မရသေးတဲ့အတွက် မြန်မာစာ အခက်အခဲကို ရင်ဆိုင်နေကြရမှာပါ။
အခုတော့ ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့ မြန်မာ Developer တစ်ဦးဖြစ်သူ (ယခင်ကလည်း iDevice အတွက် ဇော်ဂျီကို ကြိုးပမ်းပေးခဲ့သူ၊ Mogok Browser, Likebook App များကိုရေးသားသူ) "ကိုသန့်သက်ခင်ဇော်" က iOS 7 နှင့်အထက်မှာ မြန်မာစာကို ကောင်းမွန်စွာ ဖတ်ရှုနိုင်အောင် စီစဉ်ပေးလိုက်ပါပြီ... 

ဇော်ဂျီဖောင့် ဖတ်နိုင်ရန်အတွက်...
  • မိမိ iDevice ၏ "Safari Browser" မှနေ၍ "http://d.pr/f/M8Es+" ကို ရိုက်ထည့်ပါ။ (သို့မဟုတ်)ဤနေရာကို နှိပ်ပြီးသွားပါ။
  • ထိုအခါ iDevice ၏ Setting ထဲသို့ရောက်သွားပြီး "Install" ဆိုတာကို နှိပ်လိုက်ပါ။
  • "Install" လုပ်ပြီးသွားတဲ့ အခါမှာ မည်သည့် App တွင်မဆို မြန်မာစာ(ဇော်ဂျီ) နှင့် ရေးသားထားသော စာများကို ကောင်းမွန်စွာ ဖတ်ရှုနိုင်ပါလိမ့်မည်။ Install လုပ်ပြီးသော်လည်း ဖတ်ရှု၍ မရသေးပါက iDevice ကို Reboot လုပ်ပါ။

ယူနီကုဒ် ဖတ်နိုင်ရန်အတွက်...
  • မိမိ iDevice ၏ "Safari Browser" မှနေ၍ "http://d.pr/f/x4at+" ကို ရိုက်ထည့်ပါ။ (သို့မဟုတ်)ဤနေရာကို နှိပ်ပြီးသွားပါ။
  • ထိုအခါ iDevice ၏ Setting ထဲသို့ရောက်သွားပြီး MON3 Anonta1 ကို "Install" ဆိုတာကို နှိပ်လိုက်ပါ။
  • "Install" လုပ်ပြီးသွားတဲ့ အခါမှာ မည်သည့် App တွင်မဆို မြန်မာစာ(ယူနီကုဒ်) နှင့် ရေးသားထားသော စာများကို ကောင်းမွန်စွာ ဖတ်ရှုနိုင်ပါလိမ့်မည်။ Install လုပ်ပြီးသော်လည်း ဖတ်ရှု၍ မရသေးပါက iDevice ကို Reboot လုပ်ပါ။

**မိမိအသုံးပြုမည့် ဖောင့်ကိုသာ ရွေးချယ် Install လုပ်ပါ။ နှစ်ခုလုံး ထည့်ထားပါက ယူနီကုဒ်ဖောင့်သာလျှင် အလုပ်လုပ်ပါလိမ့်မည်**

ပြန်လည်ဖျက်ပစ်လိုပါက Settings -> General -> Profiles -> Remove နှင့် ဖျက်ပစ်နိုင်ပါသည်။

ယခုကဲ့သို့ မြန်မာဖောင့်ကို သွင်းယူပြီးသော်လည်း "Safari Browser" တွင် မြန်မာဆိုက်များအား ဖတ်ရှုရာတွင် မြန်မာစာ မပေါ်သေးပါ။ မြန်မာလို မှန်ကန်စွာ ဖတ်ရှုနိုင်ရန် အောက်ပါအတိုင်း ဆက်လက်၍ လုပ်ဆောင်ပါ..

Safari Browser တွင်ပြင်ဆင်နည်း
  • ပထမဦးစွာ "Safari" ကို ဖွင့်ပြီး မြန်မာဆိုက် တစ်ခုကိုဖွင့်ပါ၊ ထိုနောက် Add Bookmark ကို နှိပ်ပြီး Bookmark ပုံကို ရွေးလိုက်ပါ။
  • Location ကို Bookmarks တွင်ထားပါ။ အမည်ကို "Zawgyi Force" ဟု ပေးပြီး "Save" လုပ်ပေးလိုက်ပါ။


  • Bookmark icon Bookmark ကို နှိပ်၍ "Bookmarks" ထဲက "Edit" ကို နှိပ်ပါ။


  • "Zawgyi Force" ကို ရှာပါ၊ တွေ့ရင် Address နေရာတွင် အောက်ပါ code များကို Copy ကူးယူ၍ Replace လုပ်ပါ။

    javascript:(function () {var css = document.createElement("style");css.type = "text/css"; css.innerHTML = "body,html,p,textarea,input,* {font-family: 'Zawgyi-One' !important}";document.body.appendChild(css); for (k = 0; k < document.getElementsByTagName('frame').length; k++) { document.getElementsByTagName('frame')[k].contentDocument.body.appendChild(css);} })();

  • "Save" လုပ်ပါ။
  • အသုံးပြုနည်းကတော့ မြန်မာစာ မပေါ်သော မည်သည့် ဆိုက်ကိုမဆို အရင်သွားပြီးတာနဲ့ "Bookmarks ->Zawgyi Force" ကို နှိပ်လိုက်ပါ။



    အခုဆိုရင် မြန်မာစာများ အလိုလျှောက် ပြောင်းလဲသွားပြီး Safari Browser တွင် မှန်ကန်စွာ ဖတ်ရှုနိုင်ပါပြီ။


Video Tutorial
 



မြန်မာစာ ရေးနိုင်ရန် ကီးဘုတ်အတွက်တော့ ကျွန်တော်တို့ ဆက်လက် မျှော်လင့်ကြပါဦးစို့...

ယခုကဲ့သို့ မြန်မာစာကို အဆင်အပြေဆုံးဖြစ်အောင် စီစဉ်ဖန်တီးပေးသူ "ကိုသန့်သက်ခင်ဇော်" နှင့် Safri တွင် ဖတ်နိုင်ရန် လမ်းပြပေးသော "ကိုထိန်လင်းရွှေ (ကိုစေတန်)" တို့ကို အထူးအထူးပင် ကျေးဇူးတင်ရှိပါတယ်...

ဤသတင်းကို ကနဦး ရေးသားပေးသူ "ကိုစေတန်" နှင့် ညကြီးမင်းကြီး ကျွန်တော် အိပ်ယာဝင်ခါနီးမှ FB တွင် Tag လုပ်ပြီး သတင်းပေးလာသူ သူငယ်ချင်း "ကိုကမ္ဘာ့ဖျာ" တို့ကိုလည်း ကျေးဇူးအထူးပဲတင်ပါတယ်။

ကျွန်တော်တို့လို iDevice သုံးစွဲကြသူများ အနေနှင့်လည်း Developer များကို အားပေးကူညီကြတဲ့ အနေနဲ့ App များကို ဝယ်ယူသုံးစွဲကြပါလို့ "မိုးသိကြား" ဘလော့ခ်မှနေ၍ လေးလေးနက်နက် တိုက်တွန်းလိုက်ပါရစေ....


Special Credit to : ကိုစေတန် (blog.saturngod.net)

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

REF :မိုးသိကြား

iPhone,iPad အတွက်မြန်မာ ကီးဘုတ်...


မနေ့ က MoeSeth ဆီကနေ invitation message ပို့လာတာကို စရပါတယ်။ သူ develop လုပ်ထားတဲ့ App တစ်ခု စပြီး lunch လုပ်တဲ့ အကြောင်းနဲ့ promo code တစ်ခု ပို့ပေးလိုက်တာပါ။ App နာမည်က MMKeyboard လို့ခေါ်ပြီး Universal App ဖြစ်တာမို့ iPhone, iPod touch သာမကပဲ iPad မှာ ပါအလုပ်လုပ်ပါတယ်။ အရင်က ကိုစေတန် develop လုပ်ထားတဲ့ Myanmar ZawGyi Keyboard ရှိပေမယ့် jailbreak လုပ်မှရတာရယ် iPad မှာ မရတာကြောင့် အခက်အခဲရှိခဲ့ ပါတယ်။ အခုကတော့ တရားဝင် App Store world wide ကရောင်းတာဖြစ်လို့ jailbreak လုပ်စရာမလို သလို iPad မှာပါ ရပါပြီ။


MMKeyboard ကို မနေ့က 15 ရက် November ကစပြီး App Store မှာစဖြန့်ပါတယ်။ wOOty Lab ကနေလုပ်တယ်လို့ Splash screen မှာတွေ့ရပါတယ်။ ရောင်းဈေးက 0.99$ (1 US$) နဲ့ ရောင်းပါတယ်။ မြန်မာစာ keyboard ဖြစ်ပြီး ဇော်ဂျီဖောင့်ကို အသုံးပြုထားပါတယ်။ လက်ကွက်များက desktop keyboard အတိုင်းဖြစ်လို့ မြန်မာစာရိုက်တတ်သူတိုင်း 1 မိနစ်လောက်အတွင်း အကျွမ်းတဝင်ဖြစ်သွားမှာပါ။ jailbreak လုပ်စရာမလိုတဲ့အပြင် အခြား mail, facebook app တွေက မမြင်ရတဲ့ မြန်မာစာကိုပါ copy ကူးပြီး ဒီ MMKeyboard app ထဲမှာ paste လုပ်ပြီး ဖတ်နို်ပါတယ်။ အရင်ကဆို ကျွန်တော် မြန်မာစာဖတ်ချင်ရင် copy ကူးပြီး font embed လုပ်ထားတဲ့ ကျွန်တော့ blog comment form မှာ paste လုပ်ကြည့် ယူရပါတယ်။ ဒါမှမဟုတ် offline မှာဆို ကိုထွန်းသူရသက်ုလုပ်ထားတဲ့ iMyanmar App က browser URL ဘားမှာ paste လုပ်ဖတ်ရတာပါ အခုကတော့ အဆင်ပြေသွားတဲ့ အပြင်စာပိုဒ် အရှည်တွေပါအလွယ်တကူ ဖတ်လို့ရသွားပါတယ်။


လက်ရှိမှာ version 1.0 ဖြစ်ပြီး လိုအပ်ချက်တစ်ခိျု့ရှိပါသေးတယ်။ နောက် version update တွေကျရင်တော့ update လုပ်ပြီးပြင်သွားမှာပါ။ လက်ရှိမှာ မြန်မာ ဂဏန်းတွေရေးလို့ မရသေးပါဘူး၊ နောက်အခြား မြန်မာစာ နှစ်ထပ်ဆင့်တွေ မရသေးပါဘူး။ keyboard typing sound သံက noise သံပါနေပြီး စာရိုက်တာမြန်ရင် interactive မဖြစ်တော့ပါဘူး။နောက်တစ်ခုက iPod music player ဖွင့်ထားပြီး စာရိုက်မယ်ဆို app ထဲဝင်ပြီး မြန်မာစာရိုက်လိုက်တာနဲ့ သီချင်းပိတ်သွားမှာပါ။ မဖြစ်ချင်ရင် app စဝင်ကတည်းက setting မှာ sound off လုပ်ထားရပါမယ်။ နောက်မြန်မာစာရိုက်နေတုန်း မှားလို့  backspace ဖျက်ချင်ရင်ဖြစ်ဖြစ်၊ နောက် တစ်ပိုဒ် enter ဆင်းချင်ရင် English keyboard ကို ပြန်ပြောင်းယူရတာ နဲနဲခက်ပါတယ်။ app က resume (Multitasking ready) မဖြစ်သေးတဲ့ အတွက် ဖုန်းဝင်လာလို့ ဖြစ်စေ၊ ထွက်ပြီးပြန်ဝင်ရင် နဂို ရိုက်လက်စ စာတွေပျောက်ကုန်ပါတယ်။ Setting ထဲက sound off ကလဲ save မလုပ်သေးပါဘူး။ စာနဲနဲရိုက် ပြီးတိုင်း copy လုပ်ပြီး back up ယူထားသင့်ပါတယ်။ နောက် update မှာပြင်ပြီးသား ဖြစ်သွားမှာပါ။


MMKeyboard မှာ ရိက်ပြီးသားစာကို in app email ပို့လို့ရတာတော်တော် အသုံးဝင်ပါတယ်။ နောက်ဒီ app နဲ့ပဲ အလုပ်သွားရင်း ရထားပေါ်မှာ ဖြစ်ဖြစ် သတင်းတွေ၊ facebook, email messages တွေဖတ်လို့ ရသလို reply ပြန်လို့ ရနိုင်ပါတယ်။ WordPress app တွေနဲ့ mobile blogging လုပ်လို့ ရလာနိုင်ပါတယ်၊ အခုတောင်စာကို ကျွန်တော် MMKeyboard သုံးပြီး iPad မှာ ရေးထားတာပါ။ MMKeyboard ဟာ မြန်မာစာဖတ်လိုသူတွေ ရေးလိုသူတွေ အတွက် ဝယ်ထားသင့်တဲ့ app တစ်ခုဖြစ်တယ်လို့ ညွှန်းပါရစေ။ ကျေးဇူးပါ။

Post Credit to; ကိုထူးတေဇာရဲ့  Blog ကနေပြီး မြန်မာစာရိုက်ဖို့  မျှော်လင့်နေကြတဲ့ ပရိတ်သတ် အတွက် တစ်ဆင့်ပြန်လည် မျှဝေဖော်ပြပေးတာပါ...

မှုရင်းပိုစ့် ဖတ်ချင်ရင် ဒီမှာ သွားဖတ်နိုင်ကြပါတယ်..
 
Ref : www.moethagyar.info

Member ၀င်ရန်