Internet for Myanmar : Powered by KK

Showing posts with label News. Show all posts
Showing posts with label News. Show all posts

Add 100 သတင်းစုံ v3 Download



Add 100 သတင်းစုံ v3 မှာ ဘာတွေပါလာလဲဆိုတော့

Yangon Media Group
သစ်ထူးလွင်
7day News Journal
MRTV
မဇ္စျိမ
Messenger News
Kumudra
သတင်းအတင်းမီဒီယာ
Eleven Media Group
ဂျာနယ်များဒေါင်းလုပ်ရန်
Job Master အလုပ်အကိုင်ရှာဖွေရေး
Job Seeker Journal
PannPwint News
The Voice Weekly
မြ၀တီသတင်း
ဧရာဝတီ
BBC Burmese 
ရွှေဈေးဒေါ်လာဈေး
ကျန်မာရေးဆိုင်ရာသတင်းများ
ဗဟုသုတ ဆိုင်ရာစာတိုပေစများ
နှင့်
အခြားသော လိုင်းများစွာထည့်သွင်း ထားတဲ့ဗားရှင်းအသစ်လေးဖြစ်ပါတယ်

ထူးခြားချက်ကတော့ ဒီဗားရှင်းမှာ မလိုတဲ့လိုင်းတွေဖြုတ်တပ်လုပ်လို့ရတဲ့ ဖန်ရှင်ထည့်သွင်းထားပါတယ်


မလိုတဲ့လိုင်းအမှန်ခြစ်ဖြုတ် ဆိုတဲ့နေရာမှာ ကိုယ်မလိုတဲ့လိုင်းတွေရဲ့ဘေးကအမှန်ခြစ်လေးတွေ
လိုက်ဖြုတ်ပေးရုံပါပဲခင်ဗျာ အဲဒါဆိုရင် ကိုမပေါ်စေချင်တဲ့လိုင်းတွေမတက်တော့ပါဘူး
 အောက်ကလင့်ခ်တွေမှာဒေါင်းယူပါ
-

-
Download from Dropbox
-
Download From Zippyshare


credit - All Myanmar Page & Channel
(ဒီ App မှသတင်းနှင့်စာများသည် Page များမှတဆင့် Link ချိတ်ထားခြင်းသာဖြစ်သည်တိုက်ရိုက်ကူးယူထားခြင်းမဟုတ်ပါ)
 
ပြည်တွင်း၌ ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေပြီဖြစ်သည့် နိုင်ငံခြားကုမ္ပဏီများ အနေဖြင့် အပြည်ပြည်ဆိုင်ရာ SMS ဝန်ဆောင်မှုများကို ပေးလာနိုင်ဖွယ် ရှိနေကြောင်း စုံစမ်းသိရသည်။
“Telenor က အပြည်ပြည်ဆိုင်ရာ SMS ဝန်ဆောင်မှုကို ပေးဖို့ရှိတယ်လို့တော့ကြားတယ်။ အသေအချာတော့ ကုမ္ပဏီဘက်က ထုတ်ပြန်ထားတာ မရှိသေးဘူး" ဟု ကွန်ပျူတာပညာရှင်တစ်ဦးက ပြောကြားသည်။
ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာ SMS ဝန်ဆောင်မှုကို ပြည်တွင်း၌ တွင်ကျယ်စွာ အသုံးပြုလာနိုင်ပါက နိုင်ငံတကာနှင့် ဆက်စပ် လုပ်ကိုင်ရသည့် Online Payment လုပ်ငန်းများ၊ နိုင်ငံတကာ ဘဏ်လုပ်ငန်း လုပ်ကိုင်မှုများတွင် ယခုထက်ပိုမို အဆင်ပြေ လွယ်ကူလာမည်ဖြစ်ပြီး ယင်းအကျိုးဆက်ကြောင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများပါ တိုးတက်ကောင်းမွန်လာမည် ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က သုံးသပ်ပြောကြား သည်။
အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ Telenor Myanmar မှ တာဝန်ရှိသူတစ်ဦးက "အခုလောလောဆယ်တော့ အသေးစိတ် ထုတ်ပြန်လို့မရသေးပါဘူး။ တရားဝင် မိတ်ဆက်ပေးတဲ့အချိန်မှာ ဝန်ဆောင်မှုတွေ အားလုံးကို အသိပေးသွားမှာပါ။ လောလောဆယ်တော့ Telenor ကွန်ရက်က စမ်းသပ်နေတာ ဖြစ်တဲ့အတွက် Facebook လို ဝန်ဆောင်မှုတွေမှာ Telenor ကို တွေ့နေရတာ ဖြစ်ပါလိမ့်မယ်"ဟု ပြောကြားသည်။
ထို့အပြင် အဆိုပါ အပြည်ပြည်ဆိုင်ရာ SMS ဝန်ဆောင်မှုများကို ပြည်တွင်း၌ အသုံးပြုလာနိုင်ပါက Google, Facebook ကဲ့သို့ ဝန်ဆောင်မှုများကို အသုံးပြုရာတွင်လည်း ပိုမိုလုံခြုံ စိတ်ချစွာဖြင့် အသုံးပြု လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

ref:http://www.internetjournal.com.mm
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Member ၀င်ရန်