Internet for Myanmar : Powered by KK
Showing posts with label Sony mobile နှင့်ပက်သက်သမျှ. Show all posts
Showing posts with label Sony mobile နှင့်ပက်သက်သမျှ. Show all posts
Sony Xperia Firmware လွယ်ယူစွာ Download ရန် Xperia Firmware Downloader
အရင်ကဆို Sony Xperia ဖုန်းအမျိုးအစားပေါင်းစုံရဲ့ Firmware တွေကို အလွယ်တကူရှာလို့ရဖို့ ၊ Download လုပ်ဖို့ဆိုတာ သိပ်မလွယ်ကူပါဘူး ။ အခုတော့ Sony Xperia စီးရီးဖုန်းတွေရဲ့ Firmware တွေကိုအလွယ်တကူ One Click အနေနဲ့ Download ရယူနိုင်ဖို့ Xperia Firmware Downloader ဆိုတာလေးထွက်ရှိလာပါတယ်။
ကိုယ့်ဖုန်းအမျိုးအစားကိုရွေး ၊ သက်ဆိုင်ရာ Region ကိုေ၇ွးပြီး Firmware နံပါတ်ကို နှိပ်လိုက်တာနဲ့ Download လုပ်မှာလားမေးပါလိမ့်မယ်။
Download ကိုနှိပ်လိုက်တာနဲ့ Firmware ဖိုင်ကိုစတင် Download လုပ်နေမှာဖြစ်ပါတယ်။ အလွန်လွယ်ကူသွားစေတာဖြစ်တာကြောင့် Sony Xperia ဖုန်းကိုင်ဆောင်သူတွေနဲ့ ဖုန်းဆားဗစ်သမားတွေဆောင်ထားသင့်တဲ့ Tool တစ်ခုပဲဖြစ်ပါတယ်။ Xperia Firmware Downloader v2.1 ကိုအောက်က link မှာရယူနိုင်ပါတယ်။
 (C) MMAS
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
Xperia Z2 Table SGP-521(3G+WiFi) Version 4.4.2 Root !
အသစ်ထွက်ရှိလာတဲ့ Xperia Z2 Tablet  3G+Wifi အမြစ်တူးတာလေးတင်ပေးလိုက်ပါတယ်
လိုအပ်ချက်များ - မိမိတို့  Tablet ဟာ Bootloader Unlock ဖြစ်နေရပါမယ်
ပြီးပြီဆိုရင် လိုအပ်ချက်က ဒေါင်းလို့ ရလာတဲ့ကောင်လေးကို boot.img ဆိုပြီးပြောင်းပေးရပါမယ်
ပြီးရင်တော့ Fastboot mode ကနေ  fastboot flash boot boot.img ဆိုပြီးရိုက်လိုက်ရင်ရပါပြီ
အားလုံးပြီးပြီဆိုရင်တော့ Super su zip ဖိုင်လေးကို CWM ကနေ flash လိုက်ရင်ရပါပြီဗျာ....
လိုအပ်သူများ ဒေါင်းပါဗျာ........... :)
sony-xperia-z2-tablet
Download ( Doomloard Kernel image for Z2 ) Mediafire Link
အားလုံးအဆင်ပြေကြပါစေဗျာ..
How To Use Sony Flashtool Beginner Guide !
လေ့လာနေတဲ့ဘော်ဒါတော်တော်များများ အခုနောက်ပိုင်း အမေးများနေလို့ 
ဒီနည်းလမ်းလေးပြောပြပေးတာပါ တကယ်တန်း ကျွန်တော်လည်း
သိပ်မသိပါဘူး သိသလောက်လေးတော့ပြန်လည်ဝေမျှပေးပါ့မယ်
" Sony User " တော်တော် များက ဒီနာမည်လေးတွေ့ တာနဲ့ တန်းသိမယ်လို့ ထင်ပါတယ်
Basic Knowledge အနေနဲ့ မှတ်ထားရမှာတော့
flashmode မှာအသုံးပြုလို့ ရတဲ့ Function အပိုင်းတွေကတော့
1) flash any sony ericsson firmware (FTF files)
2) flash sony ericsson offical kernals (SIN files) without flashing hole firmware
3) flash different basebands (FTF files)
4) install different system apps along with firmware's
5) auto root your device
6) unbrick your device ( depends on the state of your handset damage )
7) relock your bootloaders
8) နဲ့ အများအမြားသုံးလို့ ရပါသေးတယ်
fastboot mode မှာတော့
1) flash custom kernals (boot.IMG files)
2) flash system images (system.IMG files)
3) နဲ့ တခြားနည်းလမ်းတွေ အသုံးပြုလို့ ရပါသေးတယ်ဗျာ....
အကြောင်းအရာများနေမှာဆိုးလို့  Flashmoode မှာ Bootloader ဖြည်ပုံဖြည်နည်းလေးနဲ့  Fastboot မှာ
Boot Image သွင်းပုံလေး
တခြားနည်းလမ်းတွေအသုံးပြုလို့ ရဖို့ အတွက်
သူ့ တရားဝင်ဆိုက်က ပိတ်ထားတဲ့ စည်းလေးကိုဖျက်လိုက်တဲ့သဘောပါပဲ
အရင်ဆုံး မိမိတို့ ဖုန်းဟာ Bootloader ဖြည့်ဖို့ ဆိုရင် သူ့ ဆိုက်မှာ Booloader Code
ကိုသွားရောက်တောင်းရမှာဖြစ်ပါတယ်
အသေးစိတ်ဘာတွေလိုအပ်လည်းဆိုတာကိုတော့ ဒီဆိုက်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်
ပြီးရင် သူပြောတဲ့အတိုင်းပြည့်စုံပြီဆိုရင်တော့ မိမိတို့ ဖုန်းကို Bootloader Code တောင်းခံပြီးရလာတဲ့
Code လေးမှာမှတ်သားထားရပါမယ့်
ပြီးရင် မိမိတို့ ဖုန်းကို Power Off ထားလိုက်ပါ  ထို့ နောက် Flash Tool ကိုဖွင့်ပါ
အပေါ်ဘယ်ဘက်နားလေးမှာ BLU ဆိုတဲ့
Bootlaoder Unlock ဆိုတာလေးတွေ့ ပါလိမ့်မယ် အဲ့ကောင်လေးကိုနှိပ်ပေးလိုက်ပါပြီးလျှင် မိမိတို့ ဖုန်းကို
Flash Mode မှာကြိုးထိုးပါလို့ 
သူညွှန်ကြားပေးပါလိမ့်မယ် ပြီးပြီဆိုလျှင် Fastboot mode ကိုထပ်ခေါ်ခိုင်းပါလိမ့်မယ် ပြီးပြီဆိုလျှင် ဖုန်းရဲ့
IMEI နဲ့  Unlock Code ဆိုပြီးပေါ်လာပါမယ်
ရလာတဲ့ Code ကို ရိုက်ထည့်လိုက်တာနဲ့ Bootloader Unlock State
ပြီးဆုံးသွားပါလိမ့်မယ်
Fastboot mode မှာအသုံးပြုဖို့ အတွက် မိမိတို့ ဖုန်းဟာ Bootloader Unlock State ဖြစ်ပြီး ဖြစ်ရပါမယ်
အလွယ်ကူဆုံးနည်းလမ်းတခု
အနေနဲ့  Boot Image ကို Flash ပုံလေးပြောပြပါမယ်
မိမိတို့ မှာရှိတဲ့ Boot Image ကို kernel.sin ဆိုပြီးအရင်ဆုံး နာမည်ပြောင်းပေးရပါမယ် ပြီးပြီဆိုလျှင်
Flash Tool မှာ Fastboot mode ဆိုတာ
 ကိုရွေးပေးရပါမယ် ပြီးပြီဆိုရင် Doomloard ဆိုတဲ့ အကွက်လေးက selected kernel ဆိုတာလေးရွေးပြီး
ခုနကပြောင်းထားတဲ့ ဖိုင်လေးကို
ရွေးပေးလိုက်တာနဲ့ သူ့ ဟာသူ အလုပ်လုပ်သွားပါလိမ့်မယ် ပြီးပြီဆိုရင် မိမိတို့ ဖုန်းကို ကြိုးဖြုတ်ပြီး CWM
Mode ဖြစ်ဖြစ် Stock Recovery Mode
ဖြစ်ဖြစ် စတင်အသုံးပြုလို့ ရပါပြီဗျာ......... ကျွန်တော်နားလည်သလောက်လေးရှင်းပြရတဲ့အတွက်
အခက်အခဲတွေဖြစ်မယ်ဆိုလည်း သီးခံပြီး ဖတ်စေချင်ပါတယ် ဆရာတွေကတော့ ကျော်သွားပေါ့ဗျာ...
နောက်များမှာလည်း နောက်ထပ်အသုံးပြုလို့ ရတဲ့
အကြောင်းအရာလေးတွေ ရွေးချယ်ပြီးတင်ပြပေးပါ့မယ်ဗျာ....
အားလုံးအဆင်ပြေကြမယ်လို့ ဆုတောင်းရင်း..........
အသုံးဝင်မယ်ထင်တဲ့ ပုံလေးတွေပါတင်ပေးထားပါတယ် အမှားပါလျှင်ခွင့်လွှတ်ပေးပါဗျာ... :D :D :D
 555
444
33
11
flashtool
အကောင်းဆုံးမဟုတ်ပေမယ့် အတတ်နိုင်ဆုံးဖြည့်ဆည်းပေးချင်တဲ့ စိတ်နဲ့ ....nyipaing39@gmail.com
Sony Eperia Z android 4.2.2 build number 10.3.1.A.0.244 latest update ကို Root ကြမယ်
Sony Xperia Z android 4.2.2 build number 10.3.1.A..0.244 latest update ကို Root လုပ်နည်းလေးပါ။ 
ဒီနည်းလေးက root လုပ်နေကျသူတွေအတွက် မူရင်းလင့်ကိုကြည့်လိုက်တာနဲ့ ၁၀ မိနစ်အတွင်းပြီးအောင်လုပ်နိုင်ပါလိမ့်မယ် မသိသေးတဲ့သူတွေအတွက် စိတ်ရှည်ရှည်နဲ့လုပ်ကြည့်ကြရအောင်ပါ... မူရင်းလင့်က ဒီမှာပါ ကဲစလိုက်ကြစို့သူငယ်ချင်း အောက်ကအီး..........ဘွတ်
 ၁။ပထမဆုံးယူစရာရှိတာတွေယူထားလိုက်ပါ။
၂။download ဆွဲထားတဲ့ flashtool လေးကို double click ပြီး pc မှာ install လုက်လိုက်ပါ။
၃။Sony Xperia Z Usb driver for window ကို install လုပ်ပါ ပြီးရင် C/flashtool/driver/flashtool-driver ဆိုတဲ့ application လေးကို double click လိုက်ရင် box လေးတစ်ခုပေါ်လာပါလိမ့်မယ်..။
၎။next ပြိးသွားရင် chack box လေးထဲမှာ Xperia Z and SO-02E driver ဆိုတာကိုရွေပြီး install ဆိုတာကိုနှိပ်လိုက်ပါ။
၎။ပြီးရင်အပေါ်က download ဆွဲထားတဲ့ Xperia Z C660X 10.3.A.0.423 kernel နဲ့ Xperia Z C660X 10.3.1.A.0.244 kernel နှစ်ခုကို copy ကူးပြီး c/flashtool/firmwares ဆိုတဲ့ folder ထဲမှာသွားထည့်ပေးလိုက်ပါ။ 
၅။နောက်တစ်ဆင့်ကဖုန်းထဲမှာ Usb debugging လုပ်ဖို့အတွက် ဖုန်းအသစ်တွေဆိုရင် Usb debuggging mode ပါမလာပါဘူး settings/about phone ရဲ့အပေါ်မှာ developer options ဆိုတဲ့စာတစ်ကြောင်းပျောက်နေတာတွေ့လိမ့်မယ် အဲဒီ developer options ကိုဖေါ်ဖို့အတွက် setting/build number ကို (၇) ချက်လောက်တောက်ပေးလိုက်ရင် developer options လေးပေါ်လာတာတွေ့ရပါလိမ့်မယ် developer options ပေါ်လာရင်settings/developer options/Usb debugging chack box ထဲမှာအမှန်ခြစ်ပေးလိုက်ပါ။
၆။အပေါ်ကအဆင့်တွေပြီးသွားရင် ဖုန်းကို computer မှာ usb ကြိုးနဲ့ဆက်သွယ်လိုက်ပါ window မှာ driver တွေ install လုပ်ပါလိမ့်မယ် ပြီးရင် usb ကြိုးကိုပြန်ဖြုတ်ပြီး ဖုန်းကို power ပိတ်လိုက်ပါ။
၇။computer မှာ flashtool ကိုဖွင့်လိုက်ပါ..
၈။power ပိတ်ထားတဲ့ဖုန်းကို volume down + usb ကြိုးနဲ့ computer မှာတစ်ပြိုင်တည်းထိုးလိုက်ပါ။
၉။flashtool မှာမိုးကြိုးသွားလို logo လေးကိုနှိပ်လိုက်ပါ။
 ၁၀။flashmode ရွေး ok..
၁၁။flashtool selector ထဲမှာ xperia 10.3.A.0.423 Generic-NL ကိုရွေး flash ဆိုတာကိုနှိပ် finish ဆိုရင် ဖုန်းကို power ပြန်ဖွင့်လိုက်ပါ။
၁၂။ဖုန်း power ပြန်ပွင့်လာရင် computer နဲ့ပြန်ချိတ်လိုက်ပါ computer ထဲမှာ DooMLoRD Easy Rooting Toolkits V18 Zip ဖိုင်ကို ဖြည်လိုက်ရင် runme-win ဆိုတဲ့ window batch file ကို click နှစ်ချက်တောက်ပြီးဖွင့်လိုက်ပါ..
 cmd.exe လေးပေါ်လာရင် press any key to continue
၁၃။ဖုန်း reboot ကျပြီးပြန်တက်လာရင် superuser လေးဖုန်ထဲရောက်နေပါလိမ့်မယ် မပြီးသေးဘူး ဆက်ကြည့်ပါဦး..
၁၄။နောက်ဆုံး တစ်ဆင့်အနေနဲ့ အပေါ်မှာကျွန်တော်ရှင်းပြခဲ့တဲ့ နံပတ်(၈။)ကနေ နံပတ် (၁၁။)အထိပြန်လုပ်ပြီး နံပတ် (၁၁။)ရောက်ရင် xperia 10.3.A.0.423 Generic-NL ဆိုတဲ့နေရာမှာ Xperia 10.3.1.A.0.244 BE ကိုရွေးပြီး flash လုပ် flashtool က finish ဆိုရင် Sony Xperia Z latest update  build number 10.3.1.A.0.244 (13.8.2013) လေးနဲ့လန်းလိုက်တော့..
ဒီ root လုပ်နည်းလေးက ကျွန်တော်ကိုယ်တိုင် စမ်းသပ်အောင်မြင်ပြီးသားလေးပါ ...။ ဒီပိုစ်လေးရေးနိုင်ဖို့ ကူညီပေးကြတဲ့ ကိုဝင်းကမ္ကာကျော် ဖုန်းတွေအများကြီးယူလာပြီး စမ်းသပ်ခွင့်ပေးတဲ့ သူငယ်ချင်း ရဲမင်း (ဘယ်ကရလာလဲမသိ) sony xperia Z ဖုန်းအသစ်ကြီးဝယ်လာပြီး စမ်းသပ်ခွင့်ပေးတဲ့ သူငယ်ချင်း အောင်သူဝင်း နဲ့ အားလုံးသောသင်ဆရာ မြင်ဆရာ ကြားဆရာ များအား ကျေးဇူးတင်လျှက်.. မရှင်းတာများရှိရင်မေးမြန်းနိုင်ပါတယ်....
                                       htwening@gmail.com
                                              www.mm-knowledge.com 
post by ၀င်းကမ္ဘာကျော်
Member ၀င်ရန်