Internet for Myanmar : Powered by KK

Showing posts with label Websites and Blogs. Show all posts
Showing posts with label Websites and Blogs. Show all posts

WebsiteမှာZawgyi Font , Unicodeဘယ်ဟာ သုံးသင့်လဲ




အကျဉ်း ရှင်းပြရုံလေးပါ။ သုံးသင့်တာကတော့ ၂ ခုစလုံး သုံးသင့်ပါတယ်။ Option အနေနဲ့ တစ်ခုခုကို ရွေးလိုက်ရင် ရွေးတဲ့ font ကိုပြတဲ့ စနစ်က ပိုကောင်းပါလိမ့်မယ်။
ယူနီကုဒ်သုံးရင်Windows 8 ပေါ်လာပြီးနောက်ပိုင်း ယူနီကုဒ် အသုံးက ပိုမိုတွင်ကျယ်လာပါတယ်။ အချို့  ဝဘ်ဆိုဒ် တွေဆိုရင် ယူနီကုဒ်တွေကိုပဲ support လုပ်တဲ့အထိ လုပ်လာကြပါတယ်။ သို့ပေမယ့် ဒီ Unicode ကလည်း Perfect မဖြစ်သေး ပါဘူး။ဇော်ဂျီဖောင့်သုံးရင်ဇော်ဂျီဖောင့်ကတော့ မြန်မာလူမျိုးအားလုံး နီးပါး ရင်းနှီးနေတဲ့ font မို့လို့ အားလုံး သုံးကြပါတယ်။ windows 8 တင်ပြီးတာတောင် Zawgyi font ကို အားလုံး ပြန် install လုပ်ကြ ပါတယ်။

၂ မျိုးသုံးရင်၂ မျိုးစလုံးကို တွဲသုံးတာ ကောင်းပါတယ်။ Unicode နဲ့ Zawgyi font အကြား အပြန်အလှန် Translate လုပ်ပေးမယ့် App မျိုးတွေ အများကြီး ရှိပါတယ်။ ဒါကို မိမိရဲ့  ဝဘ်ဆိုဒ်မှာ အလွယ်တကူ Install လုပ်ထားရုံနဲ့ ဘယ် font အတွက်မဆို support လုပ်ပေး ပါတယ်။Embedded လုပ်ရင်နောက်တစ်နည်းကတော့ embedded လုပ်ခြင်း ဖြစ်ပါတယ်။ font ကို pdf file ထဲမှာ ထည့်လိုက်သလိုပဲ local စက်ထဲမှာ ဘာ font မှ ထည့်မထားရင်တောင် ဖတ်လို့ရအောင် ဖန်တီးထားပေးတဲ့ နည်းပညာ ဖြစ်ပါတယ်။

ဝဘ်ဆိုဒ်အချို့ က ယင်းနည်းပညာကို အသုံးပြုကြ ပါတယ်။ ဥပမာ - www.colay.com.mm www.yoyarlaycom နဲ့www.house.com.mm ဖြစ်ပါတယ်။ ယူနီကုဒ်သုံးရင် ယူနီကုဒ်သုံးရင် နောက် ရှိလာ မယ့် အခွင့်အရေးက နောက်ပိုင်း Google Translate ဆိုတာကြီး ပေါ်လာမယ်ဆိုရင် Translation အတွက် Machine ကအလုပ်လုပ်ပေးသွား နိုင်ပါတယ်။ မြန်မာ ယူနီကုဒ်ကို အသိအမှတ်ပြု အသုံးပြုရုံလေး သာ ရှိသေးပြီး ဘယ်အဖွဲ့အစည်းကမှလည်း ဘာသာပြန်စနစ် finalize ဖြစ်အောင် မဖန်တီးပေးနိုင်သေး ပါဘူး။ နောက်ဆိုရင်တော့ ဖြစ်လာမှာပါ။ ဒီလိုဆိုရင် မြန်မာ ဝဘ်ဆိုဒ် ကွန်ရက်နဲ့  နိုင်ငံတကာ ဝဘ်ဆိုဒ် ကွန်ရက် ချိတ်ဆက်မှုများ၊ အကျိုးတူ စီးပွားရေးများ ပိုမို ဖြစ်ပေါ်လာနိုင်ပါတယ်။ အခြားသော အားသာချက်များလည်း ရှိနေသေးပြီး အကြမ်းဖျဉ်းသိအောင်သာ ရှင်းလင်း ရေးသားလိုက်ရပါတယ်။

Aung Ko Htet (www.itstudier.com)

Member ၀င်ရန်