ဒီနေ့ ကျွန်တော့်ဆရာက သူ့တပည့် ဘယ်လောက်လေ့လာထားပြီးပြီလဲ စမ်းသပ်တာလား၊ သူတကယ်ပဲ မအားလို့လားတော့ မသိဘူး.. Power ဖွင့်လိုက်ရင် Ericsson ဆိုတဲ့ စာကနေ ဆက်မတက်တော့ဘဲ ခဏခဏ ပြန်တက်လိုက်ကျလိုက်ဖြစ်နေတဲ့ Sony Experia Arc S LT18i တစ်လုံးကို Original Firmware တင်ပြီး Root ထားပါအုံး. မအားလို့ပဲတဲ့..
ကျွန်တော်လည်း တော်တော် ခေါင်းခြောက်သွားတာအမှန်ပါ.. ဟိုလိုလုပ် ဒီလိုလုပ်နဲ့ ဝယ်ထားတာ ၂ ရက်ပဲရှိသေးတဲ့ မျက်မှန်တောင် ပါဝါ ထပ်တောင်းလာသလိုပဲ..
နောက်ဆုံး နည်းတစ်ခုတွေ့ပါတယ်.. ဒီနည်းကတော့ Developer ဆရာကြီးများ ရေးတဲ့http://blog.myanmarmobileusers.com မှာဖြစ်ပါတယ်.. ဆရာတွေ ရေးတဲ့နည်းကို နားလည်အောင်ကြည့်၊ အကြိမ်ကြိမ်လုပ်ရင်း Original Firmware 2.3.4 ကို အောင်မြင်စွာ ပြန်တင်နိုင်ခဲ့ပါတယ်..
ကျွန်တော်လုပ်တဲ့နည်းကို ပြောပြပါမယ်..
1. ပထမဆုံး လိုအပ်တဲ့ ဖိုင် (၂) ခုကို ဒေါင်းပါမယ်..
2. ရပြီဆိုရင် Flash Tool ကို Run ပါ.. ပြီးသွားပြီဆိုရင်တော့ C:\Flashtool ဆိုတဲ့ Folder ထဲက Drivers ဆိုတဲ့ Folder အောက်မှာ Flashtool-drivers.exe ကို Run လိုက်ပါ.. ဘောက် ၂ ခု ပေါ်လာပြီး တစ်လှည့်စီနှိပ်ရင်း Next နဲ့ Install Drivers Anyway ကိုပါ ပေါ်လာတိုင်း တစ်လှည့်စီနှိပ်ပေးပါ.. နောက်ဆုံးမှာ Next နှိပ်ပြီး အဆုံးသတ်ပါတယ်..
3. ဒေါင်းထားတဲ့ Firmware ဖိုင်ကို ဖြည်လိုက်ရင် Xperia Arc (LT18i)_4.0.2.A.0.42_CE.ftf ရလာပါတယ်.. အဲဒီဖိုင်ကို C: အောက်က Flashtool ဆိုတဲ့ Folder ထဲက Firmwares ဆိုတဲ့ Folder ထဲကို ထည့်ပေးပါ..

4. ပြီးရင် C: အောက်က Flashtool ဆိုတဲ့ Folder ထဲမှာ FlashTool.exe ကို Run ပါ.. ( 64bit သမားက FlashTool64.exe ကို Run ပါ )
5. ပေါ်လာတဲ့အကွက်ထဲက ဘယ်ဘက်အပေါ်ထောင့်မှာ မိုးကြိုးပုံ Flash ကိုနှိပ်ပါ..

6. ထပ်ပေါ်လာတဲ့ထဲမှာ Flashmode ကိုရွေးပြီး OK ကိုနှိပ်ပါ။

Wipe data
Wipe cache
Wipe apps log နဲ့ Misc ခေါင်းစဉ်အောက်က
No Final Verification ကို အမှန်ခြစ်ပေးပါ။ ပြီးရင် OK ကိုနှိပ်ပါ။
8. ခဏကြာရင် ဖုန်းရဲ့ Back Key ကိုနှိပ်ပြီး ကွန်ပျူတာနဲ့ချိတ် ဖို့ ပြောပါတယ်.. ဖုန်းကိုပါဝါပိတ်ပြီး Back Key ကိုဖိထားပြီး ကွန်ပျူတာနဲ့ ချိတ်ပေးလိုက်ပါ.. အလုပ်လုပ်နေစဉ်အတွင်း တောက်လျှောက် ဖိထားရမှာဖြစ်ပါတယ်..
9. ဒါဆို Flash လုပ်နေပါပြီ.. ပြီးတဲ့အချိန် Flash မှာ error ပေါ်ရင်လည်း စိတ်မပူပါနဲ့. ပိတ်ပစ်လိုက်ပါ.. ပြီးသွားရင်တော့ ဖုန်းကို Reboot ချပေးလိုက်ပါ..

ပြန်တက်လာချိန်မှာတော့ Original Firmware လေးနဲ့ လှပနေတာကို တွေ့မြင်ရမှာပါ..
------
Root လုပ်ခြင်း
1. ဖုန်းမှာ USB Debugging Mode နဲ့ Unknown Source ကို On ပေးပါ.. မသိရင် ဒီမှာ ကြည့်ပါ..
2. အောက်ကလင့်မှာ Root Tool ကို ဒေါင်းပါ..
3. ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပါ။ Root Tool ကိုဖြည်ပါ.. ပြီးရင် Runme.bat ကို Run လိုက်ပါ.. ကြိုက်တဲ့ကီးတစ်ခု ရိုက်ထည့်ပေးလိုက်ပါ.. Root နေပါပြီ. ခဏအကြာမှာ Root ပြီးသွားမှာဖြစ်ပါတယ်..

ပထမဆုံး Apk ကို Install လုပ်ခြင်း..
ဒီကောင်က သူ့မှာ File Explorer ပါမလာဘူးဗျ.. ဒီတော့ အထဲက App ကို Install လုပ်ဖို့ အဆင်မပြေဘူး.. ဒီတော့ File Explorer တစ်ခု အရင် တင်ရမယ်.. အဲဒါကို ဒီအတိုင်းတင်မရတော့ ကွန်ပျူတာနဲ့ ADB သုံးပြီး တင်ပေးရပါမယ်..
1. အောက်ကလင့်မှာ ADB Installer ကိုဒေါင်းလိုက်ပါ..
2. ဖုန်းမှာ Unknown Source နဲ့ USB Debugging ကို On ပြီး ကွန်ပျူတာနဲ့ ချိတ်ပါ..
3. ဒေါင်းထားတဲ့ ADB Installer ကို ဖြည်လိုက်ပါ.. Folder ထဲကို ဝင်ပြီး Shift ကီး ဖိထားရင်း ညာကလစ်နှိပ်ပါ.. ပေါ်လာတဲ့ Popup Menu မှာ Open command with window here ကိုရွေးပါ..
4. CMD အမဲရောင်ကြီး ပေါ်လာမှာဖြစ်ပြီး အောက်က စာလေးအတိုင်း ရိုက်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ.. Space ခြားတာတွေ စာလုံးတွေ မှန်အောင်ရိုက်နှော်..
adb install xplore.apk
ပြီးသွားရင် ပိတ်ပစ်လိုက်ပါ..
ဖုန်းမှာ ကြည့်လိုက်ပါ.. X-plore ဆိုပြီး File Explorer တစ်ခု ရောက်နေပါမယ်.. အဲဒါကိုနှိပ်ပြီး အပေါ်မှာ ဒေါင်းခဲ့တဲ့ font Installer နဲ့ ကီးဘုတ်ကို Install လုပ်နိုင်ပါပြီ..
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
1 comment:
Download Original Firmware လင့်ခ်သေနေတယ်အကို
အဆင်ပြေရင်ပြန်တင်ပေးပါလား
Post a Comment