Internet for Myanmar : Powered by KK
ဘလော့ခ်ဂါများ ညီညွတ်ကြပါစေ...
လက်ဆင့်ကမ်းခြင်းကြောင့် နယ်ပယ် အသီးသီးမှာ မျိုးဆက်သစ် ဆိုတာ အဆက်ဆက် ဖြစ်ပေါ် တည်ရှိနေဦးမှာပါပဲ...
လက်ဆင့်ကမ်းခြင်း သဘောတရားဟာလည်း တစ်ခါတစ်ရံ ကိုယ်တိုင်ကိုယ်ကျ
လွှဲပြောင်းပေးတာမျိုး မဟုတ်ပဲ၊ ထူးဆန်းစွာ အလိုလျှောက် ဖြစ်တတ်တဲ့ သဘောလို့
ခံယူမိပါတယ်ပါ။
၂၀၀၈ ခုနှစ်က စီနီယာ ဘလော့ခ်ဂါကြီးတွေ
ရေးတာတွေကို သဘောကျပြီး ကိုယ်ကလည်း နောက်က လိုက်ရေးခဲ့တဲ့အခါ အလိုလျှောက်
မျိုးဆက်သစ် ဘလော့ခ်ဂါ ဖြစ်ခဲ့ရပါတယ်...
၂၀၀၆/၇/၈ ဘလော့ခ်ဂါတွေ
ခေတ်ကောင်းစဉ်က မြန်မာဘလော့ခ်တွေ အများကြီးရှိခဲ့ပေမယ့် ဘလော့ခ်တစ်ခု
အောင်မြင်ဖို့ အလွန်ခက်ခဲပါတယ်.. တစ်နေ့ကို လူသုံးဆယ်လောက် လာလည်ရင်ကိုပဲ
ပျော်နေတာပါ..
ကိုယ့်ဆီများ စာရေးဆက်သွယ်လာရင်... အို... ပြောစရာကို မရှိဘူးး..
Facebook က မရှိသေး၊ မြန်မာပြည် ပရိဿတ်ကလည်း အခုလောက်ကို မများသေးပါဘူး။
ဆောင်းပါးတွေ ကြိုက်လို့ ရှယ်ချင်ရင် မေးလ်နဲ့ပဲ ရှယ်ကြရပါတယ်။ တစ်နေ့
တစ်နေ့ သူငယ်ချင်းတွေ ရှယ်ထားလို့ ရောက်လာတဲ့ မေးလ်တွေ ဆိုတာ မနည်းပါဘူး။
အားလုံးကို စာမပြန်နိုင်တော့ Auto Reply လေးမှာ စာရေးပြီး
ပြန်ခိုင်းထားရတယ်..
အဲဒီအချိန်က ဘလော့ခ်ဂါတွေကို
တန်ဖိုးလည်းထားကြတယ်၊ အရမ်းလည်း လေးစားကြတယ်။ အဆင့်အတန်းမရှိတဲ့ comments
တွေ ရေးဖို့ဆိုတာ အဝေးကြီးပါ..
ဘလော့ခ်ဂါတွေ အချင်းချင်းကလည်း
Respect အပြည့်၊ စောင့်ထိန်းအပ်တာတွေကို စောင့်ထိန်းကြလို့ ကိုယ့်နယ်ပယ်မှာ
ကိုယ့်သိက္ခာ ကိုယ်ထိန်းကြတယ်..
Facebook ပေါ်ပြူလာ
ဖြစ်လာပြီးနောက်ပိုင်းမှာ ဘလော့ခ်ဂါ အခန်းကဏ္ဍ အနည်းငယ် မှေးမှိန်သွားပါတယ်။
တော်တော်များများ ဘလော့ခ်ဂါကြီးတွေ ဆက်မရေးကြတော့ဘူ၊ အချို့ Facebook
ပေါ်မှာပဲ ပရိဿတ်နဲ့ ဆက်လက် ရပ်တည်နေကြသေးတယ်...
မျိုးဆက်သစ် ဘလော့ခ်ဂါတွေဟာ Facebook ကြောင့် ဟိုးးတုန်းကထက် လူသိများ နာမည်ကြီးဖို့ ပိုမြန်လာတယ်၊ ပိုလွယ်လာတယ်....
ပရိသတ်နဲ့ ပိုမိုနီးစပ်လာတယ်၊ ပြောရရင် အရင်တုန်းက ဘလောခ့်ဂါတွေထက်
အချိန်ပိုပေးရတယ်၊ အပြိုင်အဆိုင်တွေလည်း ပိုများလာတော့ ပိုရှာဖွေရတယ်၊
ပိုကြိုးစားရတယ်။
သိလို့ပဲဖြစ်ဖြစ် မသိလို့ပဲဖြစ်ဖြစ် အကြောင်းအရာတူသွားခဲ့ရင် အချင်းချင်း နားလည်မှုမထားပဲ ရံဖန်ရံခါ ငြိတာတွေ ဖြစ်လာတယ်။
ဒီလိုကြားထဲမှာ "ဝင်ကစွပ်" ဘလော့ခ်ဂါတွေလည်း ပေါလာတယ်။ နာမည်ရပြီးသား
ဘလောခ့်တွေက ဆောင်းပါးတွေကို စုစည်းပြီး အားလုံး တင်ထားတာတွေလည်း
တွေ့နေရပါတယ်။
ဒီတော့ ဝါသနာအရ ဘလော့ခ်ရေးနေကြသည့်တိုင် အချို့ ခံယူချက်လေးတွေက စီနီယာ ဘလော့ခ်ဂါတွေနဲ့ မတူတော့ပါဘူး..
ဒါကြောင့် အချို့က စိတ်လက်ပျက်စွာ အပြီးတိုင် စွန့်ခွာ သွားကြသလို အချို့မှာ အားတင်းပြီး ကြိုးစားရေးနေဆဲပါ..
ဒီပြဿနာ အများစုဟာ နည်းပညာနယ်ပယ်မှာ အဆိုးဆုံး ဖြစ်နေပါတယ်...
နည်းပညာ ဘလော့ခ်ဂါတစ်ဦးမို့ ဘလော့ခ်ဂါ အဆင့်အတန်း ပိုမြင့်လာအောင် ပရိသတ်
တန်ဖိုးထာတဲ့ ဘလော့ခ်ဂါတစ်ဦးအဖြစ် စဉ်စားနိုင်ဖို့ ခံယူချက်လေး
လမ်းကြောင်းချင်ပါတယ်...
(စေတနာအပေါ် မူတည်၍ လွပ်လပ်စွာ သဘောထားကွဲနိုင်ပါတယ်)
**ဘလော့ခ်ဂါဟု ခေါ်သည်**
နည်းပညာအကြောင်းကို ရေးသားဖော်ပြနေသော ဘလော့ခ်ဂါသည် "တံချု" တံနှင့်တူ၏။
စားသုံးလိုသူတို့ မမှီမကမ်း ဖြစ်နေသော ခေါင်ဖျားမှ နည်းပညာ အသီးအပွင့်တို့ကို ကူညီဆွတ်ခူးပေးရာ၏...
သို့သော် ထိုအသီးကို ခွဲခြမ်းစိတ်ဖြာ၍ ခွံကျွေးခြင်းငှာ တံချု၏ အလုပ်မဟုတ်ပေ..
ထို့ပြင် "တံချု" တံသည် ထမီရုတ်ရန် မဟုတ်ပေ..
............
နည်းပညာ ဘလော့ခ်ဂါသည် "လမ်းပြမြေပုံ" တစ်ချပ်နှင့်တူ၏။
သွားလိုရာ ခရီးပန်းတိုင် ရောက်အောင် အချက်အလက် စုံလင်စွာဖြင့် ပံ့ပိုးပေးရာ၏...
သို့သော် ခရီးလမ်းဆုံးတိုင် ရေပူရေချမ်း ဆပ်ကပ် ဖြည့်ဆည်းပေးရသော "တိုးရစ်ဂိုက်" မဟုတ်ပေ...
..............
တစ်ပါးသူအား ကိုယ်ကိုယ်တိုင် သိရှိနားလည်အောင် ညွှန်ပြပေးသူသည် သင်ကြားပေးသူ မည်၏..
ပုစ္ဆာတစ်ပုဒ်၊ ကိစ္စတစ်ခု ပြီးမြောက်အောင် ကူးရေးခိုင်းသူသည် ဖြေရှင်းပေးသူသာ ဖြစ်သည်..
စေတနာထားခြင်းသည် မွန်မြတ်သော အလုပ်ဖြစ်သည်..
သို့သော် ကိုယ်တိုင် အားထုတ်လိုသောစိတ်ကို ပျက်စီးစေတတ်သော "Spoon Feed" စေတနာမျိုးကိုတော့ အားမပေးရာ... အလေ့အကျင့် မပြုပေးသင့်ရာ..
..............
ဘလော့ခ်ဂါများ ညီညွတ်ကြပါစေ...
(မိုးသိကြား)
1 comment:
Good!!!
Post a Comment