Internet for Myanmar : Powered by KK

မိုဘိုင်းဖုန်းများ လိုင်းပြတ်ကျခြင်းမှာ မိုဘိုင်းစခန်းမှ ဖိုက်ဘာကြိုးပြတ်တောက်ခြင်းကြောင့်ဖြစ်

mobilePhone_2414866b










မိုဘိုင်းဖုန်းများခေါ်ဆိုရာတွင် ဖုန်းလိုင်းပြတ်ခြင်းမှာ မိုဘိုင်းစခန်းတစ်ခုမှ ဖိုက်ဘာကြိုးပြတ်တောက်ခြင်းများကြောင့်ဖြစ်ပြီး မိုဘိုင်းစခန်းနှင့် ၅ ကီလိုမီတာအတွင်း ပြတ်တောက်ခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
မိုဘိုင်းဖုန်းများခေါ်ဆိုရာတွင် ဖုန်းခေါ်ဆိုမရဘဲ Call Ended ဖြစ်ခြင်း၊ မိုဘိုင်းဖုန်းခေါ်ဆို၍မရခြင်းနှင့် ဖုန်းလိုင်းပြတ်သွားခြင်းများ ဖြစ်ပေါ်မှုများရှိနေပြီး ညပိုင်းတွင် ပိုမိုခေါ်ဆို၍ မရခြင်းများရှိနေကြောင်း မိုဘိုင်းသုံးစွဲသူများက ပြောသည်။
‘‘ညဘက် ၁၁ နာရီလောက်ဆိုရင် ဖုန်းက ဘယ်လောက်ခေါ်ခေါ် Call Ended ပဲ ဖြစ်ဖြစ်သွားတယ်။ မက်ဆေ့ခ်ျပို့ရင်လည်း မရောက်ပြန်ဘူး။ ခေါ်လို့မရတာလည်း နှစ်ရက်၊ သုံးရက် ဆက်တိုက်လောက်ဖြစ်တယ်’’ဟု ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူတစ်ဦးကပြောသည်။
ထိုသို့ ဖိုက်ဘာကြိုးပြတ်တောက်ခြင်းများဖြစ်ပါက အဆိုပါ BDS တယ်လီဖုန်းတာဝါတိုင်ရှိသည့် မိုဘိုင်းစခန်းနှင့် ၅ ကီလိုမီတာအတွင်းတွင် ခေါ်ဆိုမှုပြတ်တောက်ခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာတစ်ဦးကပြောသည်။
‘‘ဖိုက်ဘာကြိုးတွေ ပြတ်တာဖြစ်ရင် အဲဒီနားတစ်ဝိုက်မှာ Service မရတော့တာဖြစ်တယ်။ တာဝါတိုင်နားကလွဲပြီး ကျန်တဲ့နေရာတွေ ဘယ်မှ Service မရတော့ဘူး။ အဲဒါမျိုး နေပြည်တော်မှာလည်း ဖြစ်ဖူးတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာကပြောသည်။
လက်ရှိ ရန်ကုန်မြို့တွင် မိုဘိုင်းဆက်သွယ်ရေးစခန်းပေါင်း၃၅၀ ကျော်ရှိနေပြီး အဆိုပါစခန်းတစ်ခုခုမှ ဖိုက်ဘာကြိုးများ ပြတ်တောက်မှုဖြစ်ပါက ထိုစခန်းမှ ဆက်သွယ်ရေးဝန်ဆောင်မှုစနစ် ဖြန့်ကြက်ပေးထားသည့် မြို့နယ်များတွင် ဖုန်းလိုင်းပြတ်တောက်မှုများ ရှိနေခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။


Ref:7daynewsjournal



Thihahtike

Welcome From My Blog

မိုလ်ဘိုင်းနည်းပညာများမေးမြန်းလိုပါက thihahtike.it@gmail.com ကိုမေးမြန်းနိုင်ပါတယ်ခင်ဗျာ..



Ref&Credit-smartpro journal















www.internetformm.com

Member ၀င်ရန်