Internet for Myanmar : Powered by KK

ဖိုက်ဘာကွန်ရက်ငှားရမ်းမရပါက ကိုယ်ပိုင်ကွန်ရက်တည်ဆောက်မည်ဟု တယ်လီနောဆို








တယ်လီနောမြန်မာကုမ္ပဏီက ဆက်သွယ်ရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် လိုအပ်မည့် ဖိုက်ဘာကွန်ရက်ကို ငှားရမ်းအသုံးပြုခွင့်ရပါက ငှားရမ်းမည်ဖြစ်ပြီးမရပါက တရားဝင်ဖိုက်ဘာကွန်ရက် တည်ဆောက်သွားမည်ဟု သတင်းရရှိသည်။
လက်ရှိမြန်မာနိုင်ငံတွင်း၌ ဖိုက်ဘာကွန်ရက်ဆက်ကြောင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကသာ လုပ်ကိုင်နေပြီး တယ်လီနောမြန်မာကုမ္ပဏီအနေဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ပေးပါက ငှားရမ်းလုပ်ဆောင်သွားမည်ဖြစ်ပြီး အခြားကုမ္ပဏီတစ်ခုဖြင့်လည်း ဖိုက်ဘာကွန်ရက်ငှားရမ်းအသုံးပြုနိုင်ရန် လက်မှတ်ရေးထိုးထားခြင်းများရှိကြောင်း တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg ကပြောသည်။
‘‘အခုကုမ္ပဏီတစ်ခုနဲ့လည်း လက်မှတ်ထိုးထားတယ်။ အဲဒီကုမ္ပဏီက ဖိုက်ဘာကို မြေအောက်မှာချမယ်။ အဲဒီကနေ ပြန်ငှားမယ်။ တကယ်လို့ ဖိုက်ဘာကို ဘယ်သူမှလည်းမငှားဘူး၊ လုံးဝလည်းမရှိဘူးဆိုရင် ကိုယ်ဘာသာဆောက်မယ်’’ဟု ၎င်းကပြောသည်။
ထို့အပြင် ဖိုက်ဘာကွန်ရက်သာမက အခြားသော နည်းပညာပေါင်းစုံအသုံးပြု၍ ကွန်ရက်တည်ဆောက်သွားမည်ဖြစ်ပြီး တာဝါတိုင်တည်ဆောက်ရေးအတွက်
ကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း တယ်လီနောမြန်မာကုမ္ပဏီမှ သတင်းရရှိသည်။
တာဝါတိုင်တည်ဆောက်ရေးအတွက် ခက်ခဲမှုများလည်းရှိရာ ပူးပေါင်းလုပ်ဆောင်မည့် Apollo ကုမ္ပဏီ၊ Ayarwaddy Green ကုမ္ပဏီတို့နှင့်အတူ ညှိနှိုင်းဖြေရှင်းသွားမည်ဖြစ်ပြီး ထိုကုမ္ပဏီနှစ်ခုလက်အောက်တွင်လည်း ပြည်တွင်းကုမ္ပဏီ ၁၂ ခုခန့် ပါဝင်နေကြောင်း Mr.Petter Furberg ကပြောသည်။
တယ်လီနောမြန်မာအနေဖြင့် ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ခြင်းကို ဆက်သွယ်ရေးအော်ပရေတာလိုင်စင် ၁၅ နှစ်သက်တမ်း စတင်အကျုံးဝင်သည့် ဖေဖော်ဝါရီ ၅ ရက်မှ စတင်ခြင်းဖြစ်ပြီး ၎င်းတို့၏ တရားဝင်ရုံးချုပ်ကိုလည်း မတ် ၂ ရက်တွင် ရန်ကုန်မြို့ စက်မှု ၁ လမ်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။
ဝန်ထမ်းဦးရေ ၂၅၀ ကျော် ခန့်ထားပြီးဖြစ်ရာ ဖွင့်လှစ်လိုက်သည့် တယ်လီနောမြန်မာရုံးချုပ်တွင် ၎င်းတို့၏ သတင်းအချက်အလက်များနှင့် တယ်လီနော၏ ကုန်ပစ္စည်းဝန်ဆောင်မှုများအတွက် အထောက်အကူရယူနိုင်သည့် တယ်လီနောမြန်မာဆိုင်တစ်ခုကိုလည်း ထားရှိပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


Ref:7daynewsjournal



Thihahtike

Welcome From My Blog

မိုလ်ဘိုင်းနည်းပညာများမေးမြန်းလိုပါက thihahtike.it@gmail.com ကိုမေးမြန်းနိုင်ပါတယ်ခင်ဗျာ..



Ref&Credit-smartpro journal 










www.internetformm.com

Member ၀င်ရန်