Internet for Myanmar : Powered by KK

Facebook's Apps Removed from AppStore


Facebook ရဲ့ အခြား Applications များဖြစ်ကြတဲ့ "Facebook Poke" နဲ့ "Facebook Camera" App နှစ်ခုကို User များအား ကြိုတင် အသိပေးခြင်းမရှိပဲ Facebook ကိုယ်တိုင် မေလ ၉ ရက်နေ့က App Store ကနေ အပြီးတိုင် တိတ်တဆိတ် ဖယ်ရှားလိုက်ပါတယ်။

2012 ခုနှစ် ဒီဇင်ဘာလမှာ စတင်မိတ်ဆက်ခဲ့သော "Facebook Poke" ဟာ အသုံးပြုကြသူများ အချင်းချင်း အပြန်အလှန် photos, videos, messages, poke တို့ကို လျှပ်တစ်ပြတ် အနေနဲ့ ပေးပို့နိုင်စေဖို့ ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။
ပေးပို့လိုက်တဲ့ message တစ်ခုခြင်းစီဟာလည်း ယာယီ အနေနှင့် စက္ကန့်အနည်းငယ်သာ ဖော်ပြပြီး အချိန်တိုင်ရင် ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။

"Poke" App က ထွက်လာပြီးထဲက အသုံးပြုသူနည်းပြီး ပေါ်ပြူလာမဖြစ်တာကြောင့် update လုပ်ခြင်းလည်း မရှိခဲ့ပါဘူး။


2012 မေလမှာ မိတ်ဆက်ခဲ့တဲ့ "Facebook Camera" App ကတော့ Facebook ကို ဓါတ်ပုံများ အတွဲလိုက် တင်တဲ့အခါ လွယ်ကူ လျှင်မြန်စေဖို့ ရည်ရွယ်ထားတဲ့အတွက် "Poke" App ထက်စာရင် လူကြိုက်များခဲ့ပါတယ်။

ပထမတစ်နှစ်မှာ 'Facebook Camera' ကို update လုပ်ပေးခဲ့ပါသေးတယ်။ 'Facebook' application မှာ camera features ကို ထပ်မံ ထည့်သွင်းလိုက်ပြီးတဲ့ နောက်ပိုင်း 2013 ခုနှစ် သြဂုတ်လက စလို့ 'Facebook Camera' App update ပေးခြင်းကို ရပ်နားခဲ့ပါတယ်။

အဆိုပါ App နှစ်ခုလုံးကို App Store မှ ဖယ်ရှားလိုက်ပြီဆိုတာကို အတည်ပြုပေးခဲ့ပေမယ့် အခြားမည်သည့် မှတ်ချက်မှ မပေးခဲ့ပါဘူး လို့ The Verge မဂ္ဂဇင်းက ဖော်ပြထားပါတယ်။




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား Side bar တွင် "Donate" လုပ်ခြင်းဖြင့် မေတ္တာတုံပြန်နိုင်ပါသည်...

မိုးသိကြား

Member ၀င်ရန်