Internet for Myanmar : Powered by KK

Selfie Photo for Selfie for iOS


Smart Phone များပေါ်ပေါက်လာပြီးတဲ့နောက်မှာ Social Network ကမ္ဘာငယ်လေးတွေ အသီးသီး ဖြစ်ထွန်းလာခဲ့ပါတယ်…

ယနေ့ Social Network လောကကြီးထဲမှာ ရေပန်းစားနေတဲ့ ယဉ်ကျေးမှု တစ်ခုကတော့ "Selfie" ပဲဖြစ်ပါတယ်။ Phone ကင်မရာဖြင့် မိမိကိုယ်ကိုယ် ပြန်လည် ဓါတ်ပုံရိုက်ယူခြင်းလို့ အဓိပ္ပါယ် သက်ရောက်ပြီး အဘိဓ္ဓါန်မှာတောင် ဝေါဟာရ အသစ်တစ်ခုအဖြစ် ထပ်ပေါင်း ထည့်သွင်းလိုက်ရတဲ့ အထိ ထွန်းကားသွားပါတယ်။

အမှတ်တရဖြစ်စေ၊ အလှပုံသက်သက် ဖြစ်စေ ဖုန်းရဲ့ ကင်မရာမှတစ်ဆင့် ကိုယ့်ကိုယ်ကို ဓါတ်ပုံ ပြန်လည်ရိုက်ယူတဲ့အခါမှာ မည်သူမဆို တတ်နိုင်သရွေ့ အကောင်းဆုံး ပုံတစ်ပုံ ဖြစ်လာအောင် ကြိုးစားရိုက်သူချည်းပင် ဖြစ်ပါတယ်။

သို့ပေမယ့် လှပသေသပ်ပြီး မြင်သူတိုင်းက ရင်သပ်ရှုမောဖြစ်စေဖို့ ဆိုရင်တော့...
"Selfie" App လေးက သင့်ကို အလှဆုံးဖြစ်အောင် ကူညီနိုင်ပါလိမ့်မယ်။


မျက်နှာရဲ့ အစိတ်အပိုင်း တစ်ခုခြင်းစီကို အသေးစိတ် ပြင်ဆင်ပေးရုံမျှမက ခန္တာကိုယ် အစိတ်အပိုင်းများကိုလည်း သင့်စိတ်ကြိုက် ပုံဖော်ပြင်ဆင်နိုင်ပါသေးတယ်။
Editing tools, Filter တွေရဲ့ လုပ်ဆောင်ချက်က သုံးစွဲသူကို ချက်ခြင်း နှစ်ခြိုက် စွဲလန်းသွားစေနိုင်ပါလိမ့်မယ်။


အသုံးပြုရတာ လွယ်ကူပြီး Twitter, Facebook, and Instagram အစရှိသော Social Network ကမ္ဘာလေးများဆီကို ပို့လွှတ်ဖို့လဲ အဆင်သင့်ပါပဲ။

App Store မှာ ကြယ်ငါးပွင့် အဆင့် သတ်မှတ်ခံထားရတဲ့ "Selfie" App ကို iPhone, iPad, iPodTouch တို့မှာပါ အသုံးပြုနိုင်မှာ ဖြစ်ပြီး iOS 7 တော့ အနိမ့်ဆုံး ရှိဖို့ လိုအပ်ပါလိမ့်မယ်။

'FREE' version အဖြစ် အသုံးပြုနိုင်ပြီး လိုအပ်တဲ့ မိတ်ကပ်ပစ္စည်းတွေကိုတော့ In-App-Purchase အဖြစ် ထည့်သွင်းထားပြီး $0.99 မှ $1.99 ထိ လိုအပ်ရင် ဝယ်သုံးနိုင်ပါတယ်။

မိမိရဲ့ ဓါတ်ပုံလေးကို အလှဆုံးဖြစ်အောင် "Selfie" က ဘယ်လို စွမ်းဆောင်ပေးနိုင်မလဲ သိရအောင် လက်တွေ့သာ စမ်းကြည့်လိုက်စေချင်ပါတယ်...


>> Download Selfie Photo Editor




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်


မိုးသိကြား

Member ၀င်ရန်